ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ

သင့်လူ

900 Kyats ကျပ်
အရေးသား သွက်သွက်လက်လက်၊ ဝေါဟာရကြွယ်ကြွယ်နဲ့ မူရင်း စာရေးသူရဲ့ ဝိညာဉ်ကို စာဖတ်သူရဲ့ နှလုံးသားထဲ အရောက်ပို့ပေးနိုင်တဲ့ စာအုပ်။ ဒီစာအုပ်ဟာ ပဉ္စလက်သရုပ်မှန် Magical Realism စာပေရဲ့ ဘိုးအေကြီး ဂေဘရီရယ် ဂါစီယာ မားကေးရဲ့ ကမ္ဘာကျော် လက်ရာ။ ဒီစာအုပ်ဟာ မာကေးကို စာပေနိုဗယ်ဆု ရရှိစေခဲ့တဲ့ မှတ်တိုင်တစ်ရပ်။ ဒီစာအုပ်ဟာ ကမ္ဘာ့အကောင်းဆုံး ဝတ္ထုတစ်ရာ စာအုပ်အညွှန်းစာရင်းဝင်။ အရေးအသား ဆန်းကြယ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ စာအုပ်ကို ဆရာသင့်လူက စိတ်နှစ်ကိုယ်နှစ်ပြီး ရက်ပေါင်း ၆၀ ကြာ မနားတမ်း ဆက်တိုက် ပြန်ဆိုပြီးချိန်မှာတော့ စာဖတ်သူဟာ ကမ္ဘာကျော် လက်တင်အမေရိက စာရေးဆရာကြီး တစ်ဘဝလုံးစာ ရင်းနှီးမြှုပ်နှံထားတဲ့ ဝတ္ထုကို ဖတ်ခွင့်ရပြီပဲ ဖြစ်ပါတယ်။ ဇာတ်အိမ်က အကျယ်ကြီး၊ ဇာတ်ဆောင်ကလည်း မနည်းလှ၊ ဒ့ါအပြင် ဂမ္ဘီရဆန်တဲ့ ဖြစ်ရပ်တွေ၊ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းနဲ့ ထူးထူးဆန်းဆန်း ဇာတ်ကောင်တွေထဲမှာ စာဖတ်သူ မျောသွားလိမ့်မယ်။ ဝတ္ထုထဲ နစ်သွားလိမ့်မယ်။ သိစိတ်က ဝတ္ထုထဲမှာပဲ ဝဲနေပြီး ပြင်ပလောကကြီးနဲ့ အဆက်ပြတ်သွားလိမ့်မယ်။ ပြောရရင် ဒီဝတ္ထုဟာ အဲ့ထက် ပိုကောင်းတယ်။ ဒါကြောင့် ဖတ်သာကြည့်လိုက်ပါဗျာ။