မိုက်ကယ်ကေ

သင့်လူ

900 Kyats ကျပ်
တောင်အာဖရိက စာရေးဆရာ ဂျေ၊ အမ်၊ ကိုအက်ဇီရဲ့ မိုက်ကယ်ကေစာအုပ်ဟာ ဘွတ်ကာစာပေဆု (Booker Prize) ရ စာအုပ်ဖြစ်ပါတယ်။ လောကကြီးထဲကို နှုတ်ခမ်းကွဲလေးနဲ့ မွေးဖွားလာတဲ့ မိုက်ကယ်ကေဟာ ပတ်ဝန်းကျင်က သရော်ပြုံးတွေကြား ကြီးပြင်းခဲ့တာပါ။ ကိတ်တောင်းမြို့တော်က ကြီးမားပေမယ့် မိခင်နဲ့အတူ အခန်းကျဉ်းလေးထဲမှာ ရှင်သန်ရင်း အသက်အရွယ်နဲ့မမျှတဲ့ ခါးသီးမှုတွေကိုသာ ကြုံတွေ့ရတဲ့သူတစ်ဦးပါ။ ဒီလို လူတစ်ဦးရဲ့ ဘဝကို စာဖတ်သူတွေ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ သေချာတာကတော့ ဒီစာအုပ်ကို ဝန်ဇင်းစာချစ်သူတွေ လုံးဝ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။