စူး

သင့်လူ

900 Kyats ကျပ်
နိုင်ငံတကာ စာပေလောကမှာ နာမည်ဆင်တဲ့ ကမ္ဘာကျော် ခေတ်ပြိုင် ဂျပန်စာရေးဆရာ နှစ်ဦး ရှိတယ်။ တဦးက ဟာရုကီ မူရာကာမိ။ ပြင်ပမှာ ဘာသာပြန်လက်ရာ စာအုပ် မထွက်သေးဘူး။ အခု ဝန်ဇင်းမှာ Chapter အလိုက် ဖတ်လို့ ရနေပြီ ဖြစ်တဲ့ 1Q84 ဝတ္ထုကို ရေးတဲ့ စာရေးဆရာပေါ့။ နောက်တဦးကတော့ ရူး မူရာကာမိ။ ယခု စာအုပ် ‘Piercing’ ကို ရေးတဲ့ ဂျပန် စာရေးဆရာ။ တချို့ကလည်း ဟာရုကီ မူရာကာမိကို ပိုကြိုက်ကြတယ်။ တချို့ကလည်း ဟာရုကီထက် ရူး မူရာကာမိကို ပို သဘောကျကြတယ်။ သူ့ အကြိုက်နဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့၊ ရူး ရဲ့ လက်ရာကို ဖတ်ပြီးသူတိုင်းကတော့ မကြိုက်ဘူးလို့ ပြောရ တော်တော် ခက်သွားကြတယ်။ ဖတ်ပြီးရင် ကြွေသွားကြတာ ချည်းပဲ။ ထိတ်လန့်ဖို့ကောင်းတဲ့ အရေးအသား မည်းမည်းမှောင်နေတဲ့ စိတ္တဇနောက်ခံ ဒီနှစ်ချက်နဲ့တင် စာဖတ်သူဟာ သူ့ရဲ့ ဝတ္ထုဇာတ်လမ်းထဲမှာ အသက်ရှူဖို့ မေ့တဲ့အထိ နစ်မြုပ်သွားတော့တာပဲ။ အဆက်မပြတ် စိတ်လှုပ်ရှားရမှုတွေ ဆက်မဖတ်ဘဲ မနေနိုင်အောင်ကို ဖြစ်ရတဲ့ ခံစားချက် ဒီဝတ္ထုထဲက ‘ရေခဲခွဲစူး’ ကလေး တခုက စာဖတ်သူကို အဲ့ထက်ကလို ခံစားချက် ရသမျိုးတွေ ဆက်တိုက် ပေးနေတယ် ဆိုတော့ ... သေချာပါတယ်။ ကျနော်လည်း ကြိုက်သလို ဝန်ဇင်းစာချစ်သူတို့လည်း ဒီဝတ္ထုကို ကြွေပါလိမ့်မယ်။ မဖတ်ဖူးသေးဘူး ဆိုရင်လည်း နိုင်ငံတကာ စာပေလက်ရာ တခုကို ခံစားကြည့်တဲ့ အနေနဲ့ ဖတ်ကြည့်ပါ။ ဖတ်ပြီးရင်လည်း ရူး မူရာကာမိ ဘာတွေများ ပြောချင်တာလဲ ဆိုပြီး ဒီစာအုပ်ကို နောက်တခေါက် ထပ်ဖတ်ကြည့်ပါ။