ရောသမမွှေဒိုင်ယာလော့နှင့် မထိတထိဟာသ၀တ္ထုတိုများ

သက်ဦးမောင်

600 Kyats ကျပ်
ဆရာသက်ဦးမောင်ဆိုတာ ရသဝတ္ထုတိုတွေနဲ့ စာဖတ်ပရိသတ် နေရာပေးလာကြတဲ့ ကလောင်တစ်လက်ပါ။ ရသဝတ္ထုတိုတွေတင်မကဘဲ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုလည်း ဇာတ်ညွှန်းတွေ ရေးသားနေတဲ့ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ။ ဆရာသက်ဦးမောင်ရဲ့ ကလောင်စွမ်းပြ လက်ရာတွေထဲမှာမှ ဒီတစ်ခါ ဖတ်ကြရမှာကတော့ ဟာသစာပေတွေ ခင်ဗျ။ ရောသမမွှေဒိုင်ယာလော့နှင့် မထိတထိဟာသ၀တ္ထုတိုများ ဆိုတဲ့ ဒီစာအုပ်လေးထဲမှာ စာချစ်သူတို့ ပြုံးကြရယ်ကြရမယ့် ဝတ္ထုတိုကောင်းကောင်းလေးတွေ ပါဝင်ပါတယ်။ စိတ်ညစ်စရာတွေ များပြားလှတဲ့ ဒီလောကကြီးထဲမှာ အပန်းဖြေ အနားယူတဲ့အနေနဲ့ ခဏတာလောက်ဖြစ်ဖြစ် မထိတထိ ဟာသဝတ္ထုလေးတွေနဲ့ အဖော်လုပ်လိုက်ကြရအောင်နော်။