ကျောက်ပြာသာဒ်ဝင်္ကပါ

သက်မင်းဂျူလိုင်

600 Kyats ကျပ်
ကျောက်ပြာသာဒ် လျှိုကြီးထဲက သျှီဝဘုရားကျောင်း။ သျှီဝနတ်မင်းနဲ့ ကိုးပေါက်ပတ္တမြားကျိန်စာ။ နတ်ဘုရားကျောင်းစောင့် တပ်စုကို တိုက်ခိုက်သုတ်သင်ပြီး ကိုးပေါက်ပတ္တမြားကို ရယူဖို့ ကြိုးစားကြတဲ့ ဓားပြဗိုလ်တောက်ထိန်နဲ့ လောဘသား အပေါင်းအပါတစ်စု။ ကိုးပေါက်ပတ္တမြား ကျိန်စာသင့်ပြီး သေဆုံးခဲ့ရတဲ့ ဓားပြဗိုလ်တောက်ထိန်တို့ အဖွဲ့။ မိုးကောင်း မိုးမိတ်ဒေသနဲ့ ဆန်းကြယ်မှုတွေပြည့်နေတဲ့ ကျောက်ပြာသာဒ်ရွာ၊ ကျောက်ပြာသာဒ်လျှို။ ကိုးပေါက်ပတ္တမြားကြီးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေကြားထဲ စောရန်နိုင်နဲ့ မြနန်းနွယ်တို့ ဝင်ရောက် ပတ်သက်လိုက်တဲ့အခါမှာ …. လောဘသားကောင်တို့ရဲ့ ဇာတ်သိမ်းကို ဖန်တီးပေးမယ့် သေမိန့်ပြန် ကိုးပေါက်တစ္ဆေ (ခေါ်) ကိုးပေါက်ပတ္တမြားကြီးက ဘယ်လို အံ့သြထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့အတူ စာဖတ်သူဆီ ရောက်လာမလဲဆိုတာ ဖတ်ရှုကြည့်ရအောင်။