ဖုန်းဆိုးကုန်း

သက်မင်းဂျူလိုင်

500 Kyats ကျပ်
လပျောက်နေတဲ့ သန်းခေါင်ယံ ညတစ်ည။ ခွေးတွေက ဆွဲဆွဲငင်ငင် အူလို့ ... နတ်ရဲကုန်းရွာ တစ်ရွာလုံး အိပ်မောကျပြီး ခွေးအူသံတွေ၊ ပိုးမွှားကောင်တွေရဲ့ အော်မြည်သံတွေကလွဲရင် အမှောင်ကြီးစိုးပြီး အေးစက်တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန်။ ကိုရင်မောင်ဆိုတဲ့ လူတစ်ယောက် ခွေးအူသံကြောင့် လန့်နိုးလာပြီး ထကြည့်လိုက်တော့ သေသေချာချာ ပိတ်ထားတဲ့ တံခါးက ပွင့်နေတယ်။ အိမ်အပြင်ဘက် လှမ်းအကြည့်၊ သူ့ဆီ တည့်တည့်ဦးတည်လာတဲ့ အရိပ်မည်းကြီးတစ်ခု။ သာမန်လူထက် နှစ်ဆလောက် ကြီးမားတဲ့ အရိပ်မည်းကြီးက သူ့ဆီ တိုးကပ်လာပြီး ကြောက်လန့်စရာ အသံသြသြကြီးနဲ့ ‘ငါ့လက်ဖျံရိုး ပြန်ပေး’ လို့ တောင်းတဲ့အခါ … ။ ဖုန်းဆိုးကုန်းက သရဲမကြီး မအောင်ဖြူ၊ အသက်နဲ့ရင်းရတဲ့ မြွေဖမ်းပွဲ၊ ဖုန်းဆိုးကုန်းရဲ့ သွေးပျက်တုန်လှုပ်စရာ နောက်ကြောင်းများ … စတဲ့ ချောက်ချောက်ချားချား ပရလောကဆန်းကြယ် ဖြစ်ရပ်တွေကို ရောယှက်ပြီး ဇာတ်အိမ်ဖွဲ့ရေးသားထားတဲ့ ဆရာသက်မင်းဂျူလိုင်ရဲ့ ‘ဖုန်းဆိုးကုန်း’။ ညသန်းခေါင် တစ်ယောက်တည်း ဖတ်မိရင်တော့ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါပဲခင်ဗျ။ ကြက်သီးတဖြန်းဖြန်း၊ နောက်ကျောမလုံ ခံစားမှုမျိုးနဲ့ အထိတ်တလန့် သရဲဇာတ်လမ်းမျိုးကို ဖတ်ရဖို့တော့ အသေအချာပါပဲ။