မေခင်အချစ်တို့ ရွှေစင်ဖြစ်ဖို့

သက်ထားခင်

800 Kyats ကျပ်
...မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့ မရ ဆိုတဲ့ စကားပုံဟာ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တဲ့ စကားပုံတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ။ မြန်မာ အမျိုးသမီးတို့အတွက် အလွန်တန်ဖိုးကြီးတဲ့ အရာဟာ ဣနြေ္ဒ ဖြစ်လို့ပါပဲ။ လောကမှာ သတ္တုအမျိုးအစား များစွာ ရှိတဲ့အနက်မှာမှ ရွှေဟာ သန့်စင်မွန်မြတ် အဖိုးတန်တဲ့ သတ္တုတစ်မျိုး ဖြစ်ပါတယ်။ ရွှေနဲ့ ကြေးစပ် ကြေးအရည်တက်ပေမဲ့ ရွှေအရည်ကတော့ ညံ့သွားပါတယ်။ ဒါက ရွှေရဲ့ သန့်စင်တဲ့ သဘာဝ။ ဒီလို သတ္တုတို့ရဲ့ ဧကရာဇ် ရွှေပေးလို့တောင် မရနိုင်တဲ့ မိန်းမတို့ရဲ့ ဣနြေ္ဒဟာလည်း သန့်စင်မွန်မြတ်တဲ့ အရည်အသွေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ယခု ဆရာမ သက်ထားခင် ရေးသားတဲ့ မေခင်အချစ်တို့ ရွှေစင်ဖြစ်ဖို့ ဆိုတဲ့ စာအုပ်လေးထဲက ဆောင်းပါးတွေဟာ မြန်မာအမျိုးသမီးတွေအတွက် ရည်ညွှန်းရေးသားထားတဲ့ အဖိုးတန် ဆောင်းပါးတွေပါ။ အခြား ဘာသတ္တုမှ ရောမထားတဲ့ ဇမ္ဗူရာဇ်ရွှေစင်လို ရွှေစင်စစ်စစ် ဖြစ်ဖို့ မေခင်တို့အတွက် အချစ်များစွာနဲ့ ရေးသားထားတဲ့ ဒီစာအုပ်လေးကို ဖတ်ရှုကြည့်ကြပါဦး။