ကောင်ကလေးနှင့် အခြားစာစုများ

ဝါဝါထင်လင်း

600 Kyats ကျပ်
ပန်းချီဆရာရဲ့ လက်နက်ကိရိယာတွေက ဆေးရောင်စုံ၊ စုတ်တံတွေဖြစ်ပြီး ပန်းချီဆရာဟာ ဒီအရာတွေကို သုံးလို့ လှပတဲ့ စိတ်ကူးတွေကို ပန်းချီကားအဖြစ် ပုံဖော်တတ်ကြပါတယ်။ ဒါပေမဲ့ စာရေးဆရာတွေမှာတော့ အသုံးပြုစရာ လက်နက်ကိရိယာဟာ တစ်မျိုးတည်းပဲ ရှိတယ်။ အဲဒါကတော့ စကားလုံးဝေါဟာရတွေပါပဲ။ စာရေးဆရာဟာ သူ မြင်ကြား ထိတွေ့ ခံစားမိတဲ့ လောကဝန်းကျင် ဝေဒနာတွေကို စာဝါကျတွေအဖြစ် ပြောင်းလဲဖန်တီးပြီး စာဖတ်သူတွေဆီ ပေးပို့တတ်ပါတယ်။ ဆရာမ ဝါဝါထင်လင်းရဲ့ ဒီစာအုပ်မှာတော့ ဆောင်းပါး (၁၂) ပုဒ်တိတိ ပါဝင်ပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေထားပါတယ်။ လောကအမြင်၊ လူမှုအမြင်၊ လူ့ပတ်ဝန်းကျင် သရုပ်ဖော်၊ ခံစားမှု၊ အတွေးအမြင်တွေကို လူတိုင်းမြင်နေကျ အမြင်မျိုးကနေ ကွဲလွဲဖောက်ထွက် တွေးမြင်ရေးသားထားတဲ့ ဆောင်းပါးတွေက သုတ ရသ အပြည့်အဝပါပဲ။ လွမ်းစရာ၊ ရယ်စရာ၊ တွေးစရာ၊ သုံးသပ်စရာ၊ အံ့သြစရာ၊ ရသခံစားမှုတွေနဲ့အတူ တွေးစရာတွေ ကျန်ရစ်နေစေမယ့် ဆောင်းပါးကောင်းလေးတွေမို့ စာချစ်သူတို့အတွက် လက်တို့လိုက်ပါတယ်နော်။