အမှတ်တရ ရွှေ ၆၇

ဝင်းငြိမ်း

900 Kyats ကျပ်
ရွှေအမြုတေမဂ္ဂဇင်းဟာ စာပေလောကမှာတော့ ဝတ္ထုတိုရွှေခေတ်ကို ပုခုံးနဲ့ထမ်း၊ ရသစာပေသမိုင်းကြောင်းမှာ ဆူးခင်းလမ်းကို ခုတ်ထွင်လျှောက်ခဲ့တဲ့ စာပေအသိုက်အမြုံတစ်ခုပါ။ အဲဒီလို ရွှေအမြူတေရဲ့ ကြိုးစားအားထုတ် သယ်ပိုးထမ်း ရွက်ခဲ့တာတွေဟာ ရသစာပေအတွက်တော့ တကယ့်ကို အမြူတေဝတ္ထုတိုများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာပါပဲ။ အခု “ရွှေ ၆၇” ဟာ ရွှေအမြူတက စာဖတ်သူများထံ ဆောင်ကြဉ်းပေးခဲ့တဲ့ ရသအမြူတေတွေကို စုစည်းဖော်ပြထားတာပါ။ ရွှေအမြုတေရဲ့ ပဲ့ကိုင်ရှင် စာပေဝန်ထမ်းကြီးဖြစ်တဲ့ ဆရာဦးဝင်းငြိမ်း အသက် ၆၀ ပြည့်နှစ်၊ ၂၀၀၆ ခုနှစ်ကနေ စတင် ပြီး ဝတ္ထုတို ၆၀ ပြန်လည်စုစည်းမှုကနေ နှစ်စဉ် စုစည်းလာခဲ့တာ အခုစာအုပ်က ၂၀၁၃ ခုနှစ်က ထုတ်ဝေထားတဲ့ ဝတ္ထုတို ၆၇ ပုဒ်ကို ပြန်လည်စုစည်းမှုပါ။ တခုတ်တရ စောင့်မျှော်ဖတ်ရှုခဲ့ရတဲ့ ရွှေအမြူတေက ရွေးချယ်တင်ဆက်ပေးသော ဝတ္ထုတိုတွေ ကို အခုလို တစ်စုတစည်းတည်း ရသစုံ၊ ကလောင်စုံ ဖတ်ရှုရတာကို စာဖတ်သူများ သဘောကျကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။