ရှင်သန်ခဲ့သော မြစ်ရေများ

လှိုင်းသင်

800 Kyats ကျပ်
⏩ စာမြည်း ။ ။ ခေါင်းစဉ်ကို ‘ငြိမ်း’ ဆိုပြီး သာမာန်ထပ် ကြီးအောင် ရေးထားတယ်။ မ ကို သတ်လိုက်တဲ့ နေ ရာမှာ အနည်းငယ် တွန့်သွားတာကို သတိပြုမိတယ်။ ဒီနာမည်ကို ရေးဖို့ ဦးလေး တကယ်ကို ပင်ပန်း ခဲ့တာလား မသိ။ “ ဝေဒနာတွေထဲကို တိုးဝင် နေထိုင်တတ်သူနဲ့ ၊ ဝေဒနာတွေကနေ ထွက်ပြေး နေထိုင်တတ် သူကြားမှာ နာကျင်ရတဲ့ နာကျင်မှုကတော့ အတူတူပါပဲ” ဆိုတဲ့ ကျွန်တော့်ကို ပြောပြခဲ့တဲ့ စာသားလေးနဲ့ပဲ ဝတ္ထုကို စထားတယ်။ ကျွန်တော် အဲ့စာမျက်နှာကို ရင်ဘတ်ပေါ်တင်ပြီး အကြာကြီး တွေးနေမိတယ်။ အချစ်ဟာ လွယ်သလား၊ ခက်သလား ကျွန်တော် သေချာမသိဘူး။ ကျွန်တော် မမိုးပပကို ချစ်ရဲ့လား သေချာ မသိဘူး။ အချစ်ဆိုတာ ရှိတောင်ရှိပါ့မလား ကျွန်တော် သေချာမသိဘူး။ မရှိတဲ့အရာကို အရှိထင်နေ မိတာပဲလား၊ ဒါမှမဟုတ် ရှိနေတာကိုပဲ မရှိသယောင် ဟန်ဆောင်နေမိတာလား။ မမိုးပပကတော့ ကျွန်တော့်ကို ချစ်တယ်လို့ ပြောတယ်။ ကျွန်တော်လည်း အဲ့လိုမျိုး ပြောခဲ့ပါ တယ်။ ဒါပေမယ့်၊ အချစ်ဆိုတာ အဲ့လောက်ထိ လွယ်မယ်လို့ ကျွန်တော် မထင်ဘူး။