ပန်းချီပေါ်သိမ်း

လှိုင်ဘွား

600 Kyats ကျပ်
...ရန်ကုန်မြို့ရဲ့ နာမည်ကျော် ပန်းချီပြခန်းဖြစ်တဲ့ လောကနတ်ပန်းချီပြခန်းကြီးကို စတင်တည်ထောင်သူတွေထဲ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ပန်းချီပေါ်သိမ်း၊ မန္တလေးတက္ကသိုလ် သတ္တဗေဒ အထူးပြုကျောင်းသား ဖြစ်ပေမယ့် အနောက်တိုင်းဆန်ဆန် ၀တ်စားဆင်ယင်မှုနဲ့ အရက်သောက် ဖဲရိုက် ဆိုးသွမ်းပေမယ့် စာတော်တဲ့ ပန်းချီပေါ်သိမ်း၊ ပန်းချီဟာ သူ့ဘ၀လို့ ခံယူပြီးနောက်မှာ အမူအကျင့်ဆိုးတွေကို ဖယ်ရှားပြီး ပန်းချီလောကထဲ ဘ၀ကို နှစ်မြှုပ်ဖို့ ရန်ကုန်ကို အခြေချလာတဲ့ ပန်းချီပေါ်သိမ်း … ပန်းချီသင်တန်းကျောင်းဖွင့်ပြီး နာမည်ကျော် ပန်းချီဆရာတွေကို မွေးထုတ်ပေးခဲ့တဲ့ ပန်းချီပေါ်သိမ်း၊ မကွယ်လွန်မီ နောက်ပိုင်းနှစ်ကာလတွေမှာ နိုင်ငံရပ်ခြား တိုင်းပြည်တွေဆီ လှည့်လည်နေထိုင်ခဲ့ပေမယ့် သူဝါသနာကြီးရာ ပန်းချီကားတွေကိုတော့ အဆက်မပြတ် ရေးဆွဲသွားခဲ့တဲ့ ပန်းချီပေါ်သိမ်း။ သူ့ရဲ့ ဘ၀မှတ်တမ်း၊ သူ့ရဲ့ အတ္ထုပ္ပတ္တိ၊ သူ့ရဲ့ အနုပညာခရီး၊ စတဲ့ … ပန်းချီပေါ်သိမ်းရဲ့ ဘ၀ခရီးအကြောင်းကို လှိုင်ဘွားက ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။