မြန်မာ့ဆိုရိုး ကောက်နုတ်ချက် အဘိဓာန်

လှသမိန်

800 Kyats ကျပ်
ကောက်နုတ်ချက် အဘိဓာန်ဆိုတဲ့ စာပေအမျိုးအစားတစ်ရပ်ဟာ စာပေလောကတိုင်းမှာ မရှိမဖြစ် စာပေ အမျိုးအစား ဖြစ်ပါတယ်။ မြန်မာစာပေမှာတင်မဟုတ်ဘဲ ကမ္ဘာ့စာပေမှာပါ လိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာစာပေမှာဆိုရင် ရှေးမြန်မာ ကဗျာ၊ လင်္ကာ၊ ရတု၊ အချိုး၊ စတဲ့ ကဗျာတွေ၊ စာပေတွေမှာ ပါဝင်တဲ့ တချို့ ဆိုလိုရင်း၊ တချို့ ဝေါဟာရ၊ တချို့ အနက်တွေကို ပြည့်ပြည့်စုံစုံ သိနားလည်ဖို့ ခက်ခဲတဲ့ အစိတ်အပိုင်းတွေ ရှိတတ်ပါတယ်။ ဒီအခါ ကောက်နုတ်ချက် အဘိဓာန်လို စာပေမျိုးက ဒီကဏ္ဍ အစိတ်အပိုင်းတွေအတွက် လွယ်ကူ ရှင်းလင်းစွာ သိနားလည်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒီစာအုပ်ကို … ကျောင်းသားကျောင်းသူတွေ၊ စကားအဟောအပြော ကောင်းလိုသူတွေ၊ တရားဟော ပုဂ္ဂိုလ်တွေ၊ စာပေရေးသား လေ့လာပြုစုလိုသူတွေ၊ စာပေနဲ့ မွေ့လျော်လိုသူတွေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ပညာရှင်တွေ၊ မိတ်ဆွေပေါများလိုသူတွေ၊ လိမ္မာရေးခြား ရှိလိုသူတွေ၊ ကြည်ညိုလေးစားမှု ခံယူလိုသူတွေ ဖတ်ရှုသင့်၊ လေ့လာသင့်တယ်လို့ စာရေးသူက အမှာစာမှာ ဆိုထားပါတယ်။ မြန်မာစာပေရဲ့ ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ နီတိ၊ ဆုံးမစာနဲ့ မှတ်စုအသီးသီးကနေ သူ့ကဏ္ဍနဲ့သူ အကြောင်းအရာ ခွဲခြားပြီး ထုတ်နုတ်ပြုစုထားတာမို့ စာချစ်သူတို့အတွက် အဖိုးတန် စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ်။