အင်္ဂလိပ်စကားပြော အလေ့အကျင့်

လှသမိန်

800 Kyats ကျပ်
အင်္ဂလိပ်ဘာသာ စကားပြောဆိုခြင်း အတတ်ပညာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ လေ့ကျင့်ချင်တယ် ဆိုရင် ဒီစာအုပ်ကို မဖြစ်မနေ ဖတ်သင့်ပါတယ်။ ငယ်ငယ်ကတည်းက အစိုးရ စာသင်ကျောင်းတွေမှာ မူလတန်းက စလို့ ဆယ်တန်းအထိ အင်္ဂလိပ်စာကို သင်ခဲ့ကြပေမယ့်၊ တကယ်တမ်း လက်တွေ့မှာတော့ အထက်တန်းသာ ပြီးသွားတယ်။ အများစုကတော့၊ အင်္ဂလိပ်စကားကို ရေရေလည်လည် မပြောတတ်ကြဘူး မဟုတ်လား။ သင်တန်းတွေ ထပ် တက်နေရသေးတယ်လေ။ ဒီ စာအုပ်ကတော့ အဲ့ဒီလိုမျိုး သင်တန်းတွေ တကူးတက ထပ်မတက်ချင်တော့ဘဲ ကိုယ်တိုင် Self-study လုပ်ချင်သူများ အတွက် အကျိုးရှိစေတဲ့ စာအုပ် ဖြစ်ပါတယ်။ စကားပြောတဲ့အခါ လိုအပ်တဲ့ ဗဟုသုတ ကြွယ်ဝအောင် အကြောင်းအရာ မျိုးစုံကို တင်ပြ ဆွေးနွေးထားတယ်။ လောလောဆယ် လိုအပ်နေတဲ့ စကာလုံးတွေ၊ စကားပြောဟန် အတွက် ပြောဟန်ဆိုဟန် သဘာဝကျကျ ပြောဆိုတတ်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေ၊ နှုတ်လွယ် လျှာလွယ် ပြောတတ်လာစေမယ့် သင်ခန်းစာတွေ။ စတဲ့ စတဲ့ စာအုပ်ထဲမှာ ပါသမျှ အရာ အားလုံးဟာ စာဖတ်သူရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို သေချာပေါက် တိုးတက်စေမှာပါ။