လူတိုင်းအတွက် အင်္ဂလိပ်သဒ္ဒါ တတ်စရာ

လှသမိန်

800 Kyats ကျပ်
သဒ္ဒါပိုင်းဆိုတာ မြန်မာစာမှာရော၊ အင်္ဂလိပ်စာမှာပါ အရေးကြီးပါတယ်။ ဒါကြောင့် ဆရာလှသမိန်က အင်္ဂလိပ်သဒ္ဒါအကြောင်းကို မြန်မာဘာသာနဲ့ အလွယ်တကူ ရှင်းလင်းဖွင့်ဆိုပေးထားပါတယ်။ ဝါစင်္ဂတွေအကြောင်း၊ ဝါကျတည်ဆောက်မှုတွေအကြောင်း၊ နာမ်များအကြောင်း၊ စသဖြင့် သဒ္ဒါပိုင်းနဲ့ ပတ်သက်သမျှကို ရှင်းရှင်းလင်းလင်း လေ့လာနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ကျောင်းသူကျောင်းသားတွေသာမက အင်္ဂလိပ်စာ အရေးအသားပိုင်းကို လေ့လာနေကြတဲ့ လူငယ်လူကြီး အားလုံးအတွက် ဒီစာအုပ်ထဲက အင်္ဂလိပ်သဒ္ဒါပိုင်းတွေက အကူအညီပေးနိုင်မှာပါ။