ဟိုဘက်ခြံက ကောင်မလေး

လွင်ဦးဟန်

200 Kyats ကျပ်
ဖေဖေ့ကို မေမေဘာမှ မပြာနိုင်ပေမဲ့ ဖေဖေ့ရဲ့မျက်နှာကို ကြည့်ပြီး တသိမ့်သိမ့် ရှိုက်ငိုနေတဲ့ မေမေ့ရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့အတူ အမျိုးအမည်မသိတဲ့ ခံစားချက်တွေ ရှိနေပါလိမ့်မည်။ အသက် ကိုးနှစ်သာသာ ရှိသေးတဲ့ ကျွန်မက ဖေဖေနဲ့ မေမေတို့ရဲ့ ခံစားချက်ကို နားမလည်ပေမဲ့ မေမေ အသက် ဆက်ရှင်သန်ဖို့ လိုအပ်တာကြောင့် ခြံကြီးကို ပိုင်းပြီး ရောင်းလိုက်တာ ကိုတော့ ကျေနပ်မိပါသည်။ ကျွန်မ အတွက် မေမေ ဆက်လက် အသက်ရှင်သန်နေဖို့ လိုအပ်ပါသည်။ ကျွန်မအတွက် ရှေ့ဆက် ကြုံတွေ့ရမည့် အရာများကို မေမေ့ဆီမှ ကြားနာ သင်ယူဖို့ လိုအပ် နေပါသေးသည်။ မေမေ ကင်ဆာရောဂါ ခံစားနေရသည်ကိုသာ သိသော်လည်း ကင်ဆာရောဂါ ဆိုသည်ကို ကျွန်မ နားမလည်ပါ။ ကင်ဆာရောဂါကို အချိန်ယူ ကုသရသည်ကိုလည်း ကျွန်မ မသိပါ။ ကျွန်မ သိသည်က မေမေ အလူးအလဲ ခံစားနေရသည့် ကင်ဆာရောဂါသည် မေမေ့ကို ကျွန်မတို့ မိသားစုဘဝထဲမှ အချိန်မရွေး ဆွဲခေါ်သွားနိုင်သည် ဟုသာ သိထားပေသည်။ မေမေ ခံစားနေရသည့် ဝေဒနာ သက်သာဖို့အတွက် ကျွန်မ အလွန် မြတ်နိုးခဲ့ရသည့် ခြံကြီးကိုတော့ မနှမြောမိတော့ပါ။