ဂႏၳဝင္အၿငိဳး

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
အရမ်းချစ်တတ်တဲ့သူ တစ်ယောက်အတွက် ချစ်ရသူရဲ့ သစ္စာဖောက်မှုခံရခြင်းဟာ ဘယ်အရာနဲ့မှ မတူတဲ့ ထိုးနှက်ချက်ပါပဲ။ တကယ်လို့ ကိုယ်ဟာ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ဖြစ်နေပြီး ချစ်ရ၊ ယုံကြည်ရလွန်းတဲ့ ခင်ပွန်းဖြစ်သူက ဖောက် ပြားနေခဲ့တာဆိုရင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါဟာ ပထမအကြိမ် သစ္စာဖောက် ခြင်းကို ခံလိုက်ရတဲ့ အခါမှာပါ။ နောက်ထပ်၊ နောက်ထပ် အကြိမ်တွေမှာပါ ယုံကြည်ပေးခဲ့ပါလျက် သစ္စာတရားကို မျက်ကွယ် ပြုခြင်းခံရပြီဆိုရင်တော့ အဲဒီမိန်းမရဲ့ ချစ်ခြင်းဟာ အဆိပ်ပြင်းတဲ့ အမုန်းအတေးဖြစ်သွားပါလိမ့်မယ်။ ဟုတ်ပါတယ်။ “ဂန္တဝင်အငြိုး” ဆိုတဲ့ ဒီဇာတ်လမ်းလေးဟာ အစစအရာရာ လိုက်လျောပေးဆပ်ခဲ့ပေမယ့် ချစ်ရလွန်းသူ ခင်ပွန်းရဲ့သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံလိုက်ရတဲ့ တော်လေးဝသွင်ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ အငြိုးတွေကို ရသ မြောက်မြောက်ဖော်ကျူးထားတာပါ။