အပြင်းစားဥယျာဉ်မှူး

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
တစ်ချိန်မှာ အရင်းနှီးဆုံး ပတ်သက်လာမယ့် လူသုံးယောက်ရဲ့ စတင်တွေ့ဆုံမှုက Masterpiece ဆိုတဲ့ ကော်ဖီဆိုင်လေးထဲမှာ အမှတ်မထင် ဖြစ်လာခဲ့ပါတယ်။ ကော်ဖီဆိုင်လေးမှာ စားပွဲထိုးလုပ်နေတဲ့ အနီရင့်။ တကယ်တော့ အနီရင့်ရဲ့ အိပ်မက်က အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်ဖို့။ အလုပ်အားချိန်နားချိန်တွေမှာ အနီရင့်က သူ့ဖိုင်တွဲလေးကို ဖွင့်ပြီး ဒီဇိုင်းကောက်ကြောင်းတွေ ရေးဆွဲနေလေ့ရှိတယ်။ အဲဒီနေ့က ကော်ဖီဆိုင်လေးကို ရောက်လာခဲ့တဲ့ မိုးဦးညလေး ဆိုတဲ့ မိန်းကလေးတစ်ယောက်က အနီရင့်ရဲ့ ဒီဇိုင်းဖိုင်တွဲကို မတော်တဆ တိုက်မိပြီး ဒီဇိုင်းစာရွက်တွေ လွင့်ကုန်တယ်။ မိုးဦးညလေးက စာရွက်တွေကို ပြန်စုသိမ်းပြီး တောင်းပန်ခဲ့ရုံနဲ့ ပြေလည်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တွေက အဲဒီလောက်နဲ့ ရပ်မသွားခဲ့ပါဘူး။ အဲဒီညချမ်းလေးမှာပဲ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ နောက်ထပ်မိန်းကလေးတစ်ယောက်ပါ အနီရင့်ဘဝထဲ ဝင်လာခဲ့တယ်။ တိုက်မိပြီး လွင့်စင်သွားတဲ့ ဒီဇိုင်းဖိုင်ထဲက ဒီဇိုင်းစာရွက်တစ်ရွက်ဟာ ညမွှေးလေပြေဆိုတဲ့ မိန်းကလေးအနား ကျကျန်ခဲ့တဲ့နောက် … အနီရင့်ဆိုတဲ့ကောင်လေးရယ်၊ ညမွှေးလေပြေနဲ့ မိုးဦးညလေးဆိုတဲ့ မိန်းမချောနှစ်ယောက်ရယ်၊ သူတို့သုံးယောက်ရဲ့ နောက်ဆက်တွဲ ပတ်သက်မှုတွေက စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်း လှလှလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်။