သိမ်မွေ့သောလမင်း နက်ရှိုင်းသောရေပြင်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ရေခြားမြေခြားမှာ တစ်ကိုယ်တည်းနေထိုင်ရတဲ့ လူငယ်တစ်ယောက်အတွက် ကြင်နာတတ်တဲ့ မျိုးနွယ်တူ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရတာဟာ အိမ်မက်ဆန်တဲ့ အဖြစ်လို့ ဆိုရပါလိမ့်မယ်။ ဖြူစင်ရိုးသားတဲ့ နှောင်ဖွဲ့မှုကနေ တစ်စတစ်စ ရစ်ပတ်တိုးလာတဲ့ သံယောဇဉ်ကြိုးက ခိုင်မြဲလွန်းတာမို့ “နှောင်တိုး” အတွက်တော့ မမနဲ့တွေ့တိုင်း ချုပ်ထိန်းထားရတဲ့ စိတ်တွေနဲ့ပါ။ အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ နှောင်တိုးတစ်ယောက် မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားပဲ နုနယ် ပျိုမျစ်တဲ့ အလှတရားတစ်ခုက တိုးဝင်လာပြန်ပါတယ်။ ဒါပေမဲ့ နှောင်တိုးအတွက်တော့ မမမှတစ်ပါး အခြားမရှိလေ။ ကံတရားကပဲ ဆန်းကြယ်လွန်းလေလားသလား။ သူ့ထံမှာ ပျော်ဝင်နေတဲ့ အလှတရားနဲ့ သူကိုးကွယ်တဲ့ မမတို့ဟာ မယုံကြည်နိုင်လောက်အောင် ဆက်နွယ်မှုတွေ ရှိနေတာကို နှောင်တိုးသိလိုက်ရတဲ့အခါမှာ … ။ သိမ်မွေ့သောအလှတရားနဲ့ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာတို့ကြား ခြားနားချက်ကို ဖော်ကျူးထားတဲ့ ဆရာမ လွန်ထားထားရဲ့ လက်ရာကောင်းတစ်ခုဖြစ်လို့ ဖတ်ကြည့်ပါဦးလို့ ညွှန်းလိုက်ပါတယ်။