ရင်ခွင်နန်းတော်

လွန်းထားထား(ဆေးတက္ကသိုလ်)

800 Kyats ကျပ်
❤ ‘သီတဂူ’ နဲ့ ‘ရဲတိုက်’ ဆိုတဲ့လူနှစ်ယောက်ကြားက အချစ်ပုံကားချပ်တစ်ခုပါ။ စာအုပ်ကို ဖတ်နေရင်းနဲ့ ရင်ထဲမှာ လှိုက်ခနဲ ရင်ခုန်ကြည်နူးသွားတဲ့ ခံစားချက်ကို ခံစားရလိမ့်မယ်။ တစ်ခါတလေ နင့်ခနဲလည်း စူးနင့်ဝမ်းနည်းရလိမ့်မယ်။ နှလုံးသားနုတဲ့သူတွေအတွက်ကတော့ ဒီစာအုပ်ဖတ်ပြီးရင် မငိုမိအောင် တော်တော်ထိန်းရမယ်ထင်တာပဲ။ ❤ ဒီလောက်တောင် ညွှန်းနေရတဲ့ ဒီစာအုပ်ထဲမှာ တော်ပြီးထက်မြတ်တဲ့ မိန်းမတစ်ယောက် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပင်ကိုယ်အရည်အချင်းတွေနဲ့ ပြည့်ဝနေတဲ့ ယောက်ျားတစ်ယောက်၊ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်ပြီးရင် သူမအစွဲအလမ်းဆုံးယောက်ျားက အဲဒီလူပဲလို့ပြောလာတဲ့ ‘သီတဂူ’။ သူမက ရဲတိုက်ကိုစွဲလမ်းနေတာ။ ရဲတိုက်ကလည်း သူ့ရဲ့စံအတိုင်းပြည့်စုံနေတဲ့ သူမလိုမိန်းမမျိုးနှစ်ယောက်မရှိဘူးလို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်မလာခဲ့ဘူး။ ဘာဖြစ်လို့လဲ။ သိချင်ရင်တော့ ဆရာမလွန်းထားထားရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ရေးကွက်တွေထဲ စီးမျောကြည့်မှ သိပါလိမ့်မယ်။