မီးလျှံထက်က.. နှင်းဆီ

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
တစ်ခါတစ်ရံတော့ အချစ်ဆိုတာ စိန်ခေါ်မှုပါဝင်တဲ့ မျက်လှည့်တစ်ပွဲနဲ့ ဆင်တူတယ်တဲ့။ မျက်လုံးအဝိုင်းသား အံ့သြမှု အပြည့်နဲ့ လှပဆန်းကြယ်တဲ့ အလှည့်အပြောင်း လှည့်စားမှုတွေကို ပိပိရိရိသေသေသပ်သပ်နဲ့ အညာခံနေရမှန်းသိသိကြီးနဲ့ မိန်းမောတွေဝေ နေရတော့တာလေတဲ့။ ဒါဟာ ဆရာမလွန်ထားထား ညွှန်းဆိုတဲ့ “မီးလျှံထက်က နှင်းဆီ” ရဲ့ အချစ်အကြောင်းဖွဲ့နွဲ့မှုပါ။ မျက်လှည့်ဆန်လှတဲ့ အချစ်နဲ့ ထိပ်တိုက်တိုးမိတဲ့ ခွန်စဉ်ကြယ်ဟာ အောင်မြင်လှတဲ့ အဆိုတော်အဖွဲ့တစ်ဖွဲ့ထဲက ငယ်ရွယ်နုနယ်ထင်ရှားတဲ့ အဆိုတော်တစ်ယောက်ပါ။ မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက သာမန်မိန်းကလေး တစ်ယောက်ကိုမှ နှစ်နှစ်ကာကာစွဲလမ်းမိတဲ့ ခွန်စဉ်ကြယ်အတွက် အချစ်ဟာ မျက်လှည့်ပွဲဆန်တယ်ဆိုတာ ငြင်းချက်ထုတ်စ ရာမလိုပါဘူး။ အဲဒီလိုပဲ ခွန်စဉ်ကြယ်အတွက် အချစ်တင်မကဘဲ ဘဝကပါ မျက်လှည့်ဆန်စေတာကတော့ ဓူဝံကြယ်ဆိုတဲ့ သူနဲ့ ခွဲမရအောင် တူလွန်းတဲ့ အမွှာညီတစ်ယောက် ရှိနေကြောင်း သိလိုက်ရတာပါပဲ။ ဒါဟာ ဆရာမလွန်ထားထားရဲ့ လက်ရာမြောက်လှတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခုလို့ ဆိုရပါမယ်။ ဒါဆိုရင် မျက်လှည့်ပွဲဆန်လှတဲ့ ဘဝနဲ့ အချစ်ကို ထိတွေ့ခဲ့ရတဲ့ ခွန်စဉ်ကြယ်အတွက် ဘယ်လိုမီးလျှံတွေက ထပ်မံလောင်ကျွမ်းစေမယ်ဆိုတာ ဇာတ်လမ်းကောင်းတစ်ပုဒ် အဖြစ် ဖတ်ရှုနိုင်ပါတယ်။