ညှို့သခင် နှင့် ကိုယ်ရောင်ဖျောက်သူ

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
စွမ်းအင်တွေ ပါဝါတွေကို အယုံအကြည် ကြီးသူမဟုတ်ပေမဲ့ ဆုတောင်းပြည့်ဝခြင်းနဲ့ လိုတရခြင်းတို့ကိုတော့ အကြွင်းမဲ့ ယုံကြည်တတ်တဲ့ မေညှို့မယ် ဆိုတဲ့ ကောင်မလေးဟာ ဘဝကို ရိုးရိုးစင်းစင်း အေးအေးချမ်းချမ်း ဖြတ်သန်းလိုတဲ့ မိန်းကလေးတစ်ယောက်ပါ။ ညှို့ဟာ စိတ်ညှို့တတ်သူ တစ်ယောက်လို တစ်ခုခုကို စိတ်ညွှတ်တောင့်တလိုက်ရုံနဲ့ သူလိုအပ်တဲ့ လိုချင်တဲ့ တစ်စုံတရာဟာ အခြေအနေတစ်မျိုးမျိုးနဲ့ ဖြစ်ကို ဖြစ်လာတတ်တာ မကြာခဏ။ ဥပမာ ဆိုကြပါစို့။ ကျောင်းမှာ အတန်းတက်ရ ပျင်းတဲ့နေ့မျိုးဆိုရင် ညှို့အကြောင်း သိနေတဲ့ သူငယ်ချင်းတွေက ညှို့ကို ဆရာမလာစေဖို့ စိတ်ခံစားစေပြီး ညှို့ခိုင်းတတ်ပါတယ်။ ဒီအခါ ညှို့က သူငယ်ချင်းတွေ ဆန္ဒအတိုင်း ဆရာ မလာပါစေနဲ့၊ အလုပ်များနေပါစေလို့ စိတ်ညွှတ်ဆုတောင်းလိုက်ရင် အံ့သြစရာကောင်းလောက်အောင် အဲဒီအတန်းချိန်မှာ ဝင်မယ့်ဆရာက အကြောင်းတစ်ခုခု ပေါ်ပြီး အတန်းချိန်ဖျက်သွားတာမျိုး။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေက ညှို့ဘဝမှာ မကြာခဏ ဖြစ်နေတာမို့ သူငယ်ချင်းတွေက ညှို့ကို ညှို့ကဝေ ဆိုတဲ့အမည်တောင် ပေးထားကြပါတယ်။ တစ်နေ့မှာတော့ ရွှေမင်းသားလေးလို အရာရာ ပြည့်စုံ ချောမောတဲ့ စွမ်းစ ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ဖြစ်တဲ့အခါမှာတော့ ညှို့အား ပြင်းတဲ့ ညှို့ကပဲ စွမ်းစကို ညှို့နိုင်မလား။ စွမ်းစကပဲ ညှို့ကို ပြန်ညှို့နိုင်မလားဆိုတာ … ။