ညီမလေးသို့ ကမ္ဘာကျော်တို့ရဲ့ စကားမျာ

လွန်းထားထား(ဆေးတက္ကသိုလ်)

500 Kyats ကျပ်
‘ညီမလေးရေ … သေခြင်းတရား (Death) အကြောင်းနဲ့ ပတ်သက်ပြီး မမ သိပ်သဘောကျ မှတ်သားထားတဲ့ ရှေးဟောင်း စကားပုံ တစ်ခု ရှိတယ်။ “Good men must die, but death cannot kill their names.” တဲ့နော်။ “လူတော် လူကောင်းတွေ သေကြရမှာပဲ၊ ဒါပေမဲ့ သေခြင်းတရားက သူတို့ နာမည်ကို မသတ်နိုင်ဘူး” လူသာ သေသွားပေမယ့် … နာမည် ထာဝရ ရှင်သန်နေတဲ့ သူများ ညီမလေး မဖြစ်ချင်ဘူးလားဟင် …။ မမကတော့ သေခြင်းတရားကို မကြောက်ဘူး … ။ နာမည် သေဆုံးမှာကိုပဲ ကြောက်မိတယ် …။ မိမိနာမည် အမြဲ ရှင်သန်ခွင့် ရအောင် သေခြင်းတရားက သတ်လို့ မရအောင် မမတို့ အမြဲ ကြိုးစား နေရမယ်နော်’ ဆိုတဲ့ ကမ္ဘာကျော်စကားမျိုးတွေကို ဆရာမက သူ့ရဲ့ ညီမလေးတစ်ယောက်ကို လက်ဆင့်ကမ်း ပြောပြသလို ဟန်မျိုးနဲ့ မြန်မာနိုင်ငံက ညီမငယ်အားလုံးအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာအုပ်လေးပါ။ ညီမငယ်တိုင်းအတွက် စိတ်ခွန်အားဖြည့်ပေးနိုင်မယ့် ကမ္ဘာကျော်စကားတွေကို ရိုးရှင်းတဲ့ ရေးဟန်နဲ့ ပြန်လည်လက်ဆင့်ကမ်းပုံမို့ ညီမငယ်တိုင်းကို ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျ။