ညှို့တတ်တယ်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
အချစ်၊ ဟန်ဆောင်မှု၊ လှည့်စားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီဇာတ်လေးကို စတင်ခဲ့တာ ကတော့ သက်တန့်နှင့် စွဲညှို့ ဆိုတဲ့ ချစ်သူနှစ်ယောက်ကို သက်တန့် ရဲ့ အစ်မ ဖြစ်သူ မိုးကြိုးမေ က သဘောမတူလို့ လင်းလုလင် ဆိုတဲ့ ကောင်လေးတစ်ယောက်ကို ကြေးစားအနေနဲ့ ညားပြီး ချစ်သူနှစ်ယောက် အဆက်ပြတ်အောင် လုပ်ခိုင်းခဲ့ပါတယ်။ စွဲညှို့ နဲ့ မိုးကြိုးမေ တို့ရဲ့ မာနပြိုင်တဲ့ပွဲထဲမှာ လင်းလုလင်က အလုပ်ထက်ပိုတဲ့စိတ်နဲ့ စွဲညှို့ ကို ချစ်မိတဲ့ အချိန်မှာတော့ ဇာတ်လမ်းတွေ ပိုရှုပ်ကုန်ပါတော့တယ်။ မိန်းမနှစ်ယောက်ရဲ့ မာနပြိုင်ဆိုင်မှုကြားက ညှို့ဓာတ်ကောင်းတဲ့ ယောကျာင်္းတစ်ယောက်တို့ ရဲ့ အလှည့်အပြောင်းများစွာနဲ့ ရေးသားထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။