ချိုမြိန်သော လက်စားချေခြင်း

လွန်းထားထား (ဆေးတက္ကသိုလ်)

600 Kyats ကျပ်
ပညာရေးနဲ့ ဘဝတိုးတက်ရေးကို ဦးစားပေးပြီး ငယ်သူငယ်ချင်းရဲ့ ချစ်ခွင့်ပန်ခြင်းကို ငြင်းပယ်ခဲ့တဲ့ အံ့ထားမေ။ သူချစ်တဲ့ အနုပညာကို အောင်မြင်အောင် အဆုံးထိကြိုးစားချင်ပြီး တစ်ဖက်သတ်ချစ်ရတဲ့ သူငယ်ချင်း ( အံ့ထားမေ ) ရဲ့ ငြင်းပယ်ခြင်းကိုခံရတဲ့ မင်းပျိုလွင်။ ဒီလိုနဲ့ နိုင်ငံခြားမှာ လေးနှစ်ကြာပညာသင်ပြီး ပြန်လာတဲ့ အံ့ထားမေ တစ်ယောက် မင်းပျိုလွင်ကို ချစ်သူနဲ့တွေ့လိုက်ရတယ်။ ကိုယ့်ကို ရက်ရက်ရောရောပေးတုန်းက တန်ဖိုးမထားတတ်ခဲ့တဲ့အရာကို ကိုယ်မပိုင်ဆိုင်တော့မှန်းသိလိုက်ရတဲ့အချိန်မှာ မင်းပျိုကို ပြန်လည်ပိုင်ဆိုင်လိုစိတ်နဲ့ မင်းပျိုနဲ့ သူ့ချစ်သူ နှင်းနုနှင်းဆီတို့နှစ်ယောက်ချစ်ခြင်းကိုခွဲဖို့ ကြိုးစားတဲ့ အံ့ထားမေတစ်ယောက် ဘယ်လိုနည်းလမ်းတွေသုံးမလဲ ? ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံမှာလဲ ? သုံးပွင့်ဆိုင်အချစ်တစ်ခုက ဘယ်လိုပညာသားပါပါ အားပြိုင်သွားသလဲဆိုတာ ဖတ်ရှုခံစားကြည့်ပါဦးခင်ဗျ။ စာအုပ်လေးနာမည်က ချိုမြိန်သောလက်စားချေခြင်းတဲ့။ ဘယ်လိုမျိုး ချိုမြိန်စွာ လက်စားချေမလဲ။ စာရေးဆရာမ လွန်းထားထားဆိုမှတော့ ပြောစရာလိုတော့မယ် မထင်ပါဘူးဗျာ။ ကဲ … အချစ်တွေ ဆက်လက်ရှင်သန်နိုင်ကြပါစေ။