ချစ်သူက ပြဌာန်းတဲ့ ချစ်ခြင်းယဉ်ကျေးမှု

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ရိုးရာမေဆိုတဲ့ မိန်းကလေးဟာ အချစ်ကို နည်းနည်းလေးမှ အယုံအကြည် မရှိဘူး။ လှသလောက် ရက်စက်တတ်သူလို့တောင် တက္ကသိုလ်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူ။ ရိုးရာမေ ကျောင်းထဲဝင်လာတာကို မြင်ရင် ချစ်စကားတွေ လိုက်ပြောပြီး ချစ်ခွင့်တောင်းခံကြသူတွေလည်း နေ့စဉ်မပျက်ပါပဲ။ ဘယ်သူမဆို ရိုးရာမေကို နှစ်ခါပြန်ငေးမောရတာကလည်း ရိုးရာမေရဲ့ ရိုးရာတစ်ခု ဖြစ်နေပါပြီ။ ဘယ်သူနဲ့မှ မထိုက်တန်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ ရိုးရာမေကတော့ ချဉ်းကပ်လာတဲ့ ယောက်ျားလေးတွေကို နည်းအမျိုးမျိုးနဲ့ ငြင်းရုံမကဘူး။ ပညာလေးတွေလည်း ပေးတတ်ပါသေးရဲ့။ ဒီလို မိန်းမလှတစ်ယောက်ရဲ့ နှလုံးသားကို ချစ်ခြင်းယဉ်ကျေးမှုတွေ သင်ကြားပေးမယ့်သူက ဘယ်လို ထူးခြားတဲ့ ယောက်ျားတစ်ယောက်ဖြစ်မလဲ ဆိုတာ ...