ချစ်လွန်းတော့လည်း ရူးတယ်ထင်

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ဘုန်းယသနဲ့ သြမေမဒီ။ သူတို့နှစ်ယောက်က သူငယ်ချင်းဘဝကနေ ချစ်သူဘဝ ရောက်ခဲ့ကြတဲ့ စုံတွဲတစ်တွဲ။ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး တစ်ယောက်လိုအပ်ချက် တစ်ယောက်က ကူညီဖေးမရင်း လက်တွဲခဲ့ကြတဲ့ ချစ်သူနှစ်ဦး။ တစ်ယောက်နဲ့ တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ သူတို့အတွဲမှာ အိပ်မက်လေးတစ်ခု ရှိခဲ့ပါတယ်။ တကယ်တော့ ဒါက ယသရဲ့ အိပ်မက်ဆိုတာထက် သြမေရဲ့ အိပ်မက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ကျောင်းတစ်ဖက်နဲ့ ဘဝအရေး ရုန်းကန်လာခဲ့ရတဲ့ သူတို့နှစ်ယောက်မှာ သြမေက တစ်နေ့နေ့ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ရဖို့ အမြဲတမ်း လိုလားခဲ့တယ်။ ယသကလည်း ချစ်သူရဲ့ အိပ်မက်အကောင်အထည်ဖော်ရေး ခရီးစဉ်မှာ အနားကနေ ထပ်ကြပ်မကွာ လိုက်ပါကူညီခဲ့တာပါပဲ။ ကံတရားကလည်း သူတို့ကို မျက်နှာသာပေးခဲ့တယ်။ အိပ်မက်တစ်ခု အကောင်အထည်ပေါ်ဖို့ စောစောစီးစီးပဲ ပံ့ပိုးပေးခဲ့တယ်။ သူတို့ရဲ့ ကြိုးစားမှုနဲ့အတူ မကြာခင်မှာပဲ သူတို့လိုချင်မက်မောတဲ့ အိပ်မက်တစ်ခုဟာ ရုပ်လုံးကြွခဲ့တယ်။ သြမေရဲ့ ဦးဆောင်မှုနဲ့ပဲ အချိန်တိုအတွင်း ချမ်းသာကြွယ်ဝလာတဲ့အခါ ဥစ္စာဓနနဲ့ မာနတရားဟာ ကြည်နူးစရာကောင်းခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ဘဝလေးကို ဘယ်လိုရိုက်ပုတ်လာမလဲ ဆိုတာကတော့ …