ကျွန်ုပ်နှင့် လောကပ်ပညာ

လွင်ဦးဟန်

200 Kyats ကျပ်
လောကပ်ပညာ … တဲ့။ လောကပ်ပညာဆိုတာ ဘယ်လို ပညာရပ်မျိုးလဲ။ လောကမှာ သာမန်လူသားတွေအနေနဲ့ လိုက်မမီနိုင်တဲ့ ပညာရပ်တွေ၊ ဆန်းကြယ်မှုတွေ မြောက်မြားစွာ ရှိနေပါတယ်။ ဂမ္ဘီရ ဆိုတဲ့ ထူးခြားဆန်းကြယ် နက်နဲအံ့သြဖွယ် ပညာရပ်၊ ဖြစ်ရပ်တွေက စိတ်ဝင်စားစရာပါပဲ။ လောကပ်ပညာ ဆိုတဲ့ ထူးခြားတဲ့ ပညာရပ်တစ်မျိုးကို ဆရာကြီးတစ်ယောက်ဆီကနေ သင်ကြားခဲ့တဲ့ လူငယ်တစ်ယောက်။ အချိန်ကာလအားဖြင့် ဆိုရင်တော့ (၁၉၈၆-၈၇) ခုနှစ်ဝန်းကျင်။ အဲဒီကာလမှာ ဘွဲ့ရခဲ့ပြီး အလုပ်အကိုင် ရှာဖွေရခက်နေတဲ့ လူငယ်ဟာ ဖခင်ကြီးရဲ့ အကြံပေးချက်အတိုင်း မိမိကိုယ်မိမိ လာဘ်ဖွင့်ဖို့အတွက် ဘုရားသွားပြီး ပုတီးစိပ်၊ တရားထိုင်ရာက ဂန္ဓာရီဆရာကြီး တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီနောက်မှာ မွန်ပြည်နယ် ကေလာသတောင်ဘက်ဆီ ဆရာကြီးနဲ့အတူ ခရီးထွက်ခဲ့ရပြီး ထူးဆန်းတဲ့ လောကပ်ပညာကို သင်ကြားခဲ့ရပါတော့တယ်။ လောကပ်ပညာဆိုတာ ဘာလဲ၊ ဘယ်လိုပညာမျိုးလဲဆိုတာ သိချင်တယ် ဆိုရင်တော့ဖြင့် ...