မြေဇာမြက်တို့၏ ငိုရှိုက်သံ

လွင်ဦးဟန်

300 Kyats ကျပ်
မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုက သားသမီးတွေကို ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်စေနိုင်မယ်လို့ စာချစ်သူတို့ ယူဆမိပါသလဲ။ Broken Family ကနေ ဆင်းသက်လာတဲ့ သားသမီးတွေရဲ့ ရင်ထဲမှာ နာကျင်စရာ၊ ထိခိုက်စရာ ဒဏ်ရာဟောင်းတွေတော့ ရှိနိုင်ပါတယ်။ အခု ဖတ်ကြရမယ့် ဆရာလွင်ဦးဟန်ရဲ့ ‘မြေဇာမြက်တို့၏ ငိုရှိုက်သံ’ ဝတ္ထုလေးမှာလည်း လူ့ဘဝ၊ လူ့အသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေကျ အိမ်ထောင်ရေး အဆင်မပြေမှုကို ထိထိရှရှ ရသတစ်မျိုးနဲ့ ခံစားကြရမှာပါ။ ဇနီးသည်နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ ယောက်ျား၊ အမှားလုပ်တဲ့သူဘက်က ရပ်တည်ကြတဲ့ ယောက္ခမတွေ၊ အဆင်မပြေတဲ့ အိမ်ထောင်ရေးကြားမှာ မြေဇာပင်ဖြစ်ကြရရှာတဲ့ ကလေးနှစ်ယောက်ရဲ့ ခံစားမှုတွေကို ဆရာလွင်ဦးဟန်က ဘယ်လို ရသမျိုးနဲ့ ဖန်တီးထားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဖတ်လိုက်ကြရအောင်နော်။