အပင်း

ဆောင်းလုလင်

500 Kyats ကျပ်
အပင်းထည့်တယ်ဆိုတာ ကောင်းတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တစ်ဖက်သားကို မကောင်းကြံစည်ပြီး ပျက်စီးစေချင်တဲ့ စိတ်ဓာတ်ရှိလို့သာ ဒီလိုမကောင်းတဲ့လုပ်ရပ်ကို လုပ်တာပါ။ ပျက်စီးစေချင်လို့၊ သေစေချင်လို့၊ ဒုက္ခရောက်စေချင်လို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အပင်းထည့်တဲ့ဖြစ်ရပ်တွေ စာတွေထဲမှာလည်း ဖတ်ရသလို ပတ်ဝန်းကျင်မှာလည်း ကြားဖူးကြမှာပါ။ ဒီဝတ္ထုထဲမှာ ကိုယ့်မိန်းမကိုသေစေချင်လို့ သေပါစေ၊ သေပါစေဆိုပြီး နေ့စဉ်ဆုတောင်းနေတဲ့လူတစ်ယောက်။ တကယ်လည်းသူ့မိန်းမသေသွားရော သူမှာမပျော်နိုင်တော့ဘူး။ စိတ်ဆင်းရဲပြီး ဒုက္ခပင်လယ်ဝေနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမိန်းမမသေခင် သူ့ကိုအပင်းထည့်သွားလို့ပါပဲ။ သူစားမယ့်အစားအစာတွေထဲ ထည့်ခဲ့တာတဲ့။ သူမိန်းမထည့်ခဲ့တဲ့အပင်းက ဘယ်လိုအပင်းမျိုးလဲ၊ ဘာဖြစ်လို့ထည့်တာလည်းဆိုတာ ဒီဝတ္ထုထဲမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားဖော်ပြထားပါတယ်။