မြေပဲခင်းစောင့်ည

လျှပ်ပန်းအိမ်

200 Kyats ကျပ်
မြေပဲခင်း စောင့်တဲ့ည … တဲ့။ အဲဒီညမှာ ဘယ်သူတွေ ဘယ်လို သရဲအခြောက်ခံရမှာလဲ။ ခြောက်တဲ့သရဲက နှယ်နှယ်ရရ မဟုတ်ဘူး။ သရဲတွေထဲမှာမှ တကယ့် သရဲဆရာမကြီး၊ သရဲဘွားတော်ကြီးဗျ။ အဲ … သရဲဘွားတော်ကြီးက တစ်ကိုယ်တော် ခြောက်တာ မဟုတ်ဘူးနော်။ ကလေးမသာ သရဲပိစိလေးကိုပါ ခေါ်လာသေးတာ။ မြေပဲခင်းစောင့်ဖို့ ညအိပ်လာတဲ့ တင်ထွဋ်နဲ့ ဒီကလေးတစ္ဆေတို့က နာမည်ပါ တူလိုက်သေး။ ကလေးတစ္ဆေ မောင်တင်ထွဋ်လေးက မြေပဲခင်းစောင့် ကိုတင်ထွဋ်ကို ဘယ်လို ဒုက္ခပေးမလဲ၊ သရဲဘွားတော်ကြီးကရော ဘယ်လိုခြောက်မလဲ၊ ဒီလို သရဲခြောက်တဲ့ မြေပဲခင်းစောင့်ညတစ်ညမှာ သရဲတွေနဲ့ လူတွေ ဘယ်လို တလွဲတချော်တွေ ဘယ်လိုဖြစ်ကြမလဲ။ လျှပ်ပန်းအိမ်ရေးတဲ့ ရယ်စရာ သရဲဟာသဇာတ်လမ်းလေးကို ဖတ်ရင်း စိတ်အပန်းဖြေကြပါစို့။