အောက်လမ်းအိမ်ကကြက်

လျှပ်ပန်းအိမ်

200 Kyats ကျပ်
အထက်လမ်းပညာတို့၊ အောက်လမ်းပညာတို့၊ စုန်းတိုက်၊ နတ်တိုက်၊ သရဲတိုက်၊ သရဲမွေးတဲ့ ကိစ္စတို့၊ ပြုစားတာတို့ ဆိုတာက ကျွန်တော်တို့ အာရှနိုင်ငံ အတော်များများက လူတိုင်း မကြုံဖူးရင်တောင်၊ ကြားဖူးနေကြ ကိစ္စမျိုးတွေပါပဲ။ လူတစ်ယောက်၊ မိသားစုတစ်စု၊ အသင်းအဖွဲ့ တစ်ခုခုကို မကျေနပ်တဲ့အခါ ဒီပညာမျိုး တတ်တဲ့သူက ပညာနဲ့ ဒုက္ခပေးနိုင်ကြပါတယ်။ အခု ဇာတ်လမ်းလေးကလည်း အောက်လမ်းစုန်းကဝေပညာနဲ့ ဒုက္ခပေးမှုတစ်ခုအကြောင်း ဖြစ်ရပ်မှန်ကို ဝတ္ထုအဖြစ် ပုံဖော်ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ အောက်လမ်းပညာတတ်တဲ့ မိန်းမကြီးတစ်ယောက် နေထိုင်တဲ့ ခြံ၊ ဒီမိန်းမကြီးက သရဲမွေးထားတယ်လို့ တစ်ရပ်ကွက်လုံး သိကြတာမို့ အဲဒီခြံထဲက ဘယ်ပစ္စည်း၊ ဘယ်သတ္တဝါ၊ ဘယ်အစားအစာကိုမှ မတို့ထိရဲကြဘဲ ရှောင်ထားကြတဲ့ ခြံ။ ဒါကို အယုံအကြည်မရှိတဲ့ အရက်သမား သာဒင်တစ်ယောက် အဲဒီခြံထဲက စုန်းမကြီး မွေးထားတယ်ဆိုတဲ့ ကြက်တစ်ကောင်ကို ရိုက်သတ် ကြော်ချက်ပြီး အရက်နဲ့ မြည်းပြီးတဲ့ ညမှာတော့ …