အသတ်ခံလိုက်ရသော တစ္ဆေသုံးကောင်

လျှပ်ပန်းအိမ်

200 Kyats ကျပ်
ကုလားႀကီး။ စိတ်ကြမ်းလူကြမ်းနဲ့ လက်ရဲဇက်ရဲရှိတဲ့ လူပေလူတေတစ်ယောက်။ အရက်ကိုလည်း ဘာကြိုက်သလဲ မမေးနဲ့။ ပြီးတော့ ဘာမိုက်သလဲ မမေးနဲ့။ သူနဲ့ ယှဉ်မိုက်ရဲတဲ့လူ ရွာမှာ မပေါ်သေးဘူး။ ကုလားကြီးကလည်း ပါးစပ်က သိပ်ပြောတတ်သူမဟုတ်ဘူး။ ထစ်ခနဲရှိ ခါးကြားထိုးထားတဲ့ ဓားပြားကြီး ဆွဲထုတ်တာပဲ။ အဲဒီညနေမှာလည်း နေဝင်ရီတရောအချိန်ကြီးမှာ ကိုဘိုသန်းဆိုသူက အရေးတကြီး ပေါ်ခိုင်းတာနဲ့ ကုလားကြီးနဲ့ တပည့်တစ်ယောက် ရွာပြင်မှာ ဝက်ပေါ်ကြတယ်။ ဝက်ကို တစ်ချက်တည်းနဲ့ သတ်ပြီး အသားပေါ်ပြီးတာနဲ့ အသားတွဲဆွဲလို့ ရွာထဲပြန်အဝင်မှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဝါးရုံပင်အုပ်က ဝက်သားစားချင်တဲ့ သရဲသုံးကောင်နဲ့ ကုလားကြီးတို့ ရင်ဆိုင်ကြရတဲ့အခါ …