အင်္ဂါန့ ညနေစောင်း

လျှပ်ပန်းအိမ်

200 Kyats ကျပ်
သင်္ကြန်ကာလဆိုတာ မြန်မာလူမျိုးတိုင်း မျှော်လင့်နေကြတဲ့ နှစ်ကူးအချိန်အခါ၊ မြန်မာ့ဓလေ့ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး ရေသဘင်ပွဲတော်။ ဒီလို သင်္ကြန်ကာလမှာ ထူးခြားဆန်းကြယ်ပြီး ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တာက လားရှိုးမြို့ တစ်နေရာမှာပေါ့။ သင်္ကြန်ရက်တွေမှာ ကိုယ့်သားသမီး အန္တရာယ်ဖြစ်မှာကို မိဘတိုင်းက စိုးရိမ်တတ်ကြတယ် မဟုတ်လား။ မူးရူးသူတွေ၊ ရမ်းကားသူတွေ၊ စည်းမစောင့်သူတွေ၊ ရန်လိုတတ်သူတွေ အားလုံးက သင်္ကြန်ဆိုရင် လမ်းပေါ်မှာချည်းပဲလေ။ ဒါကြောင့် ကိုယ့်သားသမီးကို ဒီလိုလူတွေနဲ့ ကြုံတွေ့မှာစိုးတဲ့ မိဘတွေ ရှိကြတာပေါ့။ ဒီလိုပဲ … လူပျိုပေါက်ဖြစ်လာတဲ့ ကျော်သီဟကို မိခင်ဖြစ်သူက အစိုးရိမ်လွန်ပြီး သင်္ကြန်တွင်းမှာ သာသနာ့ဘောင်ဝင်ဖို့ ဖြောင်းဖျခဲ့တယ်။ ကျော်သီဟကလည်း သားလိမ္မာလေးဆိုတော့ မိခင်ဆန္ဒအတိုင်း ကိုရင်ဝတ်ခဲ့တယ်။ အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။ ကိုရင်လေး ကျော်သီဟ သာသနာ့ဘောင်ထဲရောက်ပြီး နောက်တစ်နေ့ညနေ၊ တိတိကျကျပြောရရင် အင်္ဂါနေ့ညနေပေါ့။ ဘုန်းကြီးကျောင်းဝင်း အပြင်ဘက်မှာ ကြီးကြီးမားမား အက်ဆီးဒန့်င်တစ်ခု ဖြစ်ပွားခဲ့ရာကစပြီး စပ်စပ်စုစု သွားကြည့်မိခဲ့တဲ့ ကိုရင်လေးကျော်သီဟရဲ့ဘဝ ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားမလဲဆိုတာ ဒီစာအုပ်လေးထဲမှာ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော်။