လူသေရွာ

တွိစက်က

800 Kyats ကျပ်
...ချင်းလူမျိုးတွေရဲ့ ဒဏ္ဍာရီဆန်ဆန် အယူအဆဖြစ်တဲ့ လူသေရွာအကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားထားတဲ့ ဆရာတြိစက္ကရဲ့ လူသေရွာ ဂမ္ဘီရဆန်းကြယ် ဝတ္ထုရှည် ဖြစ်ပါတယ်။ ချင်းလူမျိုးတွေဟာ လူသေရွာကို ယုံကြည်ကြသလို လူသေရွာမှာ နေထိုင်ကြတဲ့ သေလူတွေဟာ အသက်ထင်ရှား ရှိစဉ်တုန်းကလိုပဲ နေထိုင်နိုင်ကြတယ် ဆိုတာကိုလည်း ယုံကြည်ကြပါတယ်။ သေလူတွေဟာ သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို အသက်ရှင်တဲ့ သာမန် ရှင်လူတွေဆီက မှာယူနိုင်ပါတယ်။ သူတို့ရဲ့ ခံစားရပုံကိုလည်း သီချင်းနဲ့ ပြောပြ ရင်ဖွင့်နိုင်ပါတယ်။ ဒါပေမဲ့ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ နတ်ဆရာက တစ်ဆင့် ဆက်သွယ်ကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားဖွယ်၊ အံ့အားသင့်ဖွယ် အယူအဆတွေကို ဇာတ်လမ်းဆင် ရေးသားထားတဲ့ လူသေရွာ ဝတ္ထုကတော့ ဇာတ်လမ်းအစကနေ အဆုံးတိုင် စာဖတ်သူကို ဆွဲခေါ်သွားမယ့် ထူးခြားဆန်းကြယ် ဝတ္ထုတစ်ပုဒ်လို့ ပြောရပါလိမ့်မယ်။