မသာမြူးတဲ့ဆိုင်းသံ

လျှပ်ပန်းအိမ်

200 Kyats ကျပ်
မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စတွေ၊ တားမြစ်ထားတဲ့ စည်းဘောင်တွေကို ကျော်လွန်ပြီး လုပ်ဆောင်မိသူတွေဟာ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရလေ့ရှိပြီး ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် မမြင်ရတဲ့ လောကသား၊ ပရလောကသား၊ နာနာဘာဝ၊ သရဲ တစ္ဆေတွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပေါ့။ ဆိုင်းဆရာကြီး ဦးတေဇဆီမှာ ဆိုင်းပညာကို သင်ကြားခဲ့တဲ့ မောင်ပေါ်ထွန်းတစ်ယောက် ဆရာဖြစ်သူ အထပ်ထပ်မှာကြားခဲ့တဲ့ စကားတစ်ခွန်းကို ဂရုမထား မေ့လျော့ပြီး ကျူးလွန်မိခဲ့တဲ့အခါ ... 'ငါသင်ပေးတဲ့ ဆိုင်းပညာကို မသာအိမ်မှာ ဘယ်တော့မှ မတီးမိစေနဲ့ ...' ဆိုတဲ့ ဆရာကြီးဦးတေဇရဲ့ မှာကြားဆုံးမစကားကို နားမထောင်ဘဲ၊ သူငယ်ချင်းဖြစ်သူရဲ့ ဇနီးသည် သေဆုံးတဲ့ ည၊ မသာအိမ်မှာ ဆိုင်းတီးမိတဲ့ ပေါ်ထွန်းတစ်ယောက်၊ အားလုံးအိပ်ချိန်မှာ ခြေထောက်ဆွဲခေါ်နှိုးခံရလို့ ထကြည့်တဲ့အခါ၊ ကွယ်လွန်သူ မအိမ်စည်ရဲ့ အလောင်းကောင်ကြီး ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ ညကြီးသန်းခေါင် ခေါင်းထဲက ထလာပြီး ပေါ်ထွန်းကို ဆိုင်းတီးခိုင်း၊ အသေကောင် မအိမ်စည်က ကွေးနေအောင်က၊ ဒီလိုနဲ့ ဆရာ့စကား နားမထောင်မိတဲ့ ပေါ်ထွန်းဆိုသူ လူတစ်ယောက်ဟာ အလောင်းကောင်ကြီးနဲ့ နှစ်ကိုယ်တည်း ဖြတ်သန်းရတဲ့ ညဆိုးတစ်ညကို ဘယ်လို သွေးပျက်မတတ် ရင်ဆိုင်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်