အဖေဟုခေါ်သည်

လျှပ်ပန်းအိမ်(လားရှိုး)

200 Kyats ကျပ်
အေဖ။ များသောအားဖြင့် အဖေနဲ့ သားတွေဟာ နားလည်မှုတွေ ကွဲလွဲကြတယ်၊ ပြဿနာတက်လေ့ရှိတတ်ကြတယ်၊ အမြင်မတူ၊ အယူအဆမတူ၊ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ အဖေတိုင်းကတော့ သားတွေကို ကျိန်းသေ ချစ်ကြတာချည်းပါ။ ဘယ်လိုပဲ နားလည်မှုလွဲလွဲ၊ ဒေါသဖြစ်ဖြစ်၊ အချစ်တော့ လျော့မသွားပါဘူး။ ပြီးတော့ မိဘဆိုတာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မိဘပဲ ဖြစ်ပါတယ်။ မိဘက လူသတ်သမားဖြစ်စေ၊ ထောင်ထွက်ဖြစ်စေ၊ လောင်းကစားသမား၊ အရက်သမား၊ လူဆိုး သူခိုးပဲ ဖြစ်နေနေ၊ အခြားသူတွေအတွက် ဘယ်လိုလူပဲဖြစ်ဖြစ်၊ သားသမီးအတွက်ကတော့ မိဘဟာ မိဘပါပဲ။ အဖေဟာ အဖေပါပဲ။ အဖေ့ကို အထင်အမြင်လွဲပြီး စော်ကားမိုက်မှားမိတဲ့ သားတစ်ယောက်ရဲ့ နောင်တမျက်ရည်တွေက ဒီဝတ္ထုမှာ ရွှဲရွှဲစိုနေပါတယ်။ ခံစားကြည့်ပါဦး စာချစ်သူတို့ရေ။