အသည်းကွဲအောင်လက်မှတ်

လုံမ

800 Kyats ကျပ်
ပေါ့ပေါ့ပါးပါးနဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ နှလုံးသားထဲက ရင်ခုန်သံတွေကို နားဆင်ဖို့ဆိုရင်တော့ လုံမေရဲ့ ‘အသဲကွဲအောင် လက်မှတ်’ ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်လို ပြောပါရစေ။ ခေတ်အမြင်၊ ခေတ်အတွေးနဲ့ ဇာတ်ကွက်ဆင်ထားတဲ့ ဒီဇာတ်လမ်းမှာ “ပုံပမာ” ဆိုတာကတော့ ယဉ်ကျေးမှုနယ်မြေ ပုဂံအညာမြေကမို့ ဘယ်သို့ စရိုက်၊ ဘယ်သို့ပုံနဲ့ ရန်ကုန်မြို့ကြီးပေါ်မှာ ဘယ်သို့ အသွင်ကွဲနေမယ် ဆိုတာကတော့ တွေးကြည့်ကြပေါ့။ ဒါပေမယ့် ပုဂံအညာသူဆိုပြီး အထင်တော့မသေးနဲ့။ ပုံပမာဟာ ကျိကျိတက်ချမ်းသာတဲ့ ခေတ်ပညာတတ် တစ်ဦးတည်းသော သူဌေးသမီးလေးပါ။ “ကြယ်စင်ခ” ဆိုတဲ့ နာမည်ခပ်ဆန်းဆန်းနဲ့ ကောင်လေးကတော့ နာမည်နဲ့လိုက်အောင် လူပုံက ကျွတ်ဆတ်ဆတ်။ မျက်လုံးထဲ ပြေးမြင်ကြည့်ရင်တော့ ဒီနေ့ခေတ် ရန်ကုန်မြို့က ခပ်ဟော့ဟော့ ကောင်လေးတွေပုံကို မြင်ရမှာပါပဲ။ ဒါပေမယ့် ကြယ်စင်ခဟာလည်း သူ့ဘဝနဲ့သူ နာကျင်မှုတွေနဲ့ ရုန်းကန်နေရသူ။ တစ်နေ့တော့ ပုံပမာဟာ ကြယ်စင်ခရဲ့ မာနကို ထိခိုက်သွားစေတဲ့အခါ … စရိုက်မတူတဲ့ လူငယ်တွေရဲ့ အချစ်ဇာတ် လမ်းဟာ မှန်းဆရ ခက်ပါတယ် … ။