ငြိုးမာန်ဖွဲ့အချစ်

လရောင်ဆူး

700 Kyats ကျပ်
ထက်ကုမ္ပဏီပိုင်ရှင် ဦးထက်ကျော်ရဲ့ တစ်ဦးတည်းသော တူမလေး ခနွဲလျ။ ငယ်စဉ်ကတည်းက ဦးလေးဖြစ်သူရဲ့ ယောက်ျားမုန်းတီးရေးဝါဒတွေကို နားစွဲအသားကျခဲ့တဲ့ ခနွဲတစ်ယောက် မင်းရံဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်နဲ့ ထိတွေ့မိတဲ့အခါမှာတော့ နှလုံးသားဆန္ဒကို မလွန်ဆန်နိုင်ဘဲ ယောက်ျားမုန်းတီးရေးဝါဒတွေကို ခဝါချပြီး အချစ်ရဲ့ လက်အောက်မှာ ဒူးထောက်ခဲ့ရပါတော့တယ်။ ဒါပေမဲ့ ဖခင်တစ်ယောက်လို ချစ်ခင်လေးစားရတဲ့ ဦးထက်ကျော်ရဲ့ အတိတ်က အငြိုးအတေး၊ အာဃာတတွေအောက်မှာ မင်းရံနဲ့ ခနွဲတို့ရဲ့ အချစ်ဘုံလေးက ကြည်နူးစရာတွေ လွင့်စင်ခဲ့ရတယ်။ အဲဒီနေ့က ဦးထက်ကျော်ရဲ့ အငြိုးကြီးတဲ့ အတ္တ၊ မာန၊ ဒေါသတွေက သူတို့ချစ်သူနှစ်ယောက်ကို ကွဲကွာစေဖို့ ဖြစ်လာခဲ့တယ်။ မင်းရံက ဦးထက်ကျော်ရဲ့ အတိတ်က ရန်သူတော်ရဲ့ သား။ ရန်သူ့သားကိုမှ ချစ်သူအဖြစ် ရွေးချယ်ခဲ့တဲ့ ခနွဲရဲ့ နှလုံးသားကို ဦးထက်ကျော် ရက်ရက်စက်စက် ခွဲဖို့ ကြိုးစားခဲ့တယ်။ ဦးထက်ကျော်ရဲ့ တပည့်တွေလက်ထဲမှာ ကလဲ့စားချေခံဖို့ ရောက်သွားခဲ့တဲ့ မင်းရံကို ခနွဲ ကယ်တင်နိုင်ပါ့မလား။ ဦးထက်ကျော်ရဲ့ အတိတ်အရိပ်ဆိုးတွေက ဘယ်လိုအဖြစ်မျိုးလဲ၊ ဘာကြောင့် ဦးထက်ကျော်က ဒီလောက်အထိ အငြိုးအတေးကြီးနေရသလဲ၊ မင်းရံနဲ့ ခနွဲတို့ရဲ့ ချစ်ပုံပြင်လေး ဘယ်လို ရှေ့ဆက်မလဲ ဆိုတာကတော့ …