ကြမ္မာစေရာ

လရောင်ဆူး

700 Kyats ကျပ်
မိန်းကလေးတွေနဲ့ ဝေးဝေးနေတတ်သလို မိန်းကလေးတွေကို နည်းနည်းမှ စိတ်မဝင်စားတတ်တဲ့ နေထက်လျှား။ ဒီလို လူရဲ့ အိမ်ကိုမှ ရေရှည်နေမယ့် ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။ နေထက်လျှားရဲ့မိခင် ဒေါ်မာခင်နဲ့ ယခင်က ရပ်ဆွေရပ်မျိုး ဖြစ်ခဲ့တဲ့ ဦးသာကောင်းရဲ့ သမီး ဘုံဘုံလေးတစ်ယောက် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့အတွက် နေထက်လျှားတို့အိမ်မှာ လာနေမှာမို့ ကားဂိတ်မှာ သွားကြိုပေးခဲ့ရပါတယ်။ မိန်းကလေးတွေကိုဆို အလိုလို ကြည့်မရ၊ ဝေးဝေးနေတတ်တဲ့ နေထက်လျှား တစ်ယောက် အကြီးအကျယ် စိတ်ညစ်ရပါတော့တယ်။ အတန်းမတူ၊ နှစ်မတူပေမဲ့ တစ်ကျောင်းတည်း ကျောင်းတက်ရတဲ့ နေထက်လျှားနဲ့ ဘုံဘုံလေးတို့ ဘယ်လို ရှေ့ဆက်ကြမလဲ။ တောသူ အရိုင်းပန်းလေးပေမယ့် တသွေးတမွေး လှနေတဲ့ ဘုံဘုံလေးက နေထက်လျှား နှလုံးသားကို မပြုစားဘဲ လှုပ်ရှားစေနိုင်မလားဆိုတာ ဒီအချစ်ဇာတ်လမ်းလေးမှာ ဆက်လက်ခံစား ဖတ်ရှုကြည့်ကြပါဦး။