ဟိုဘက္အိမ္က .. ဦး

လရောင်ဆူး

700 Kyats ကျပ်
ယောက်ျားပဉ္ဇင်း၊ မိန်းမ ပုခက်တွင်း … ဆိုတဲ့ စကားအတိုင်း၊ အချစ်မှာ အသက်အရွယ် ကြီးတယ် ငယ်တယ်ဆိုတာ ပဓာနမဟုတ်ပါဘူး။ နှလုံးသားရဲ့ စေစားရာဟာ အသက်အရွယ် အပိုင်းအခြား၊ ဂုဏ်ငွေမညီမျှခြင်းတွေကို မျက်ကွယ်ပြုတတ်တယ် မဟုတ်လား။ ဦးနဲ့ သမီး အချစ်ဇာတ်လမ်းမျိုးကို ခေတ်အဆက်ဆက်မှာ ဝတ္ထု၊ ရုပ်ရှင်၊ ပြဇာတ်၊ သီချင်းတွေနဲ့ ပုံဖော်ခဲ့ကြတာပါပဲ။ လရောင်ဆူးရဲ့ ဟိုဘက်အိမ်က ဦး ဆိုတဲ့ ဇာတ်လမ်းလေးကလည်း အသက်အရွယ် ကွာခြားတဲ့ နှလုံးသားနှစ်ခုရဲ့ အုံကြွမှုကို ဇာတ်လမ်းအဖြစ် ဖန်တီးထားတဲ့ အချစ်ဝတ္ထု လှလှလေးပဲ ဖြစ်ပါတယ်။ နေစက်ဝန်းဆိုတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးက အတိတ်ရဲ့ အရိပ်တွေနဲ့ အေးစက်မာကျောနေသူ။ ညချိန်နာရီခေါ် ချိန်ချိန်ဆိုတဲ့ ဆယ့်ခြောက်နှစ်မလေးကတော့ သစ်ရွက်လှုပ်တာမြင်ရင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်မလေးပေါ့။ အတိတ်ရဲ့ ခါးသီးမှုတွေကနေ ရှောင်ပြေးဖို့အတွက် အိမ်ပြောင်းလာတဲ့ နေစက်ဝန်းရဲ့ ဘဝထဲ ချိန်ချိန်ဆိုတဲ့ ဒီကလေးမ စတင်ဝင်ရောက်လာပုံကတော့ နေစက်ဝန်းတို့ခြံထဲက မာလကာသီးတွေကို ခိုးခူးရာက စပါတယ်။ ဦးနဲ့ သမီးတို့ရဲ့ အချစ်ပုံပြင်လေးကို ရင်ခုန်ခံစားကြည့်ပါဦး စာချစ်သူတို့ရေ။