မာယာလွှမ်းတဲ့ အချစ်ပင်လယ်

လရောင်ဆူး

700 Kyats ကျပ်
စာမြည်း။ ။ တစ်ပတ်လောက် အခန်းအောင်း နေတာမို့ ချစ်လွန်း စိတ်ထဲ ငြီးငွေ့သလို ခံစားနေရသည်။ ဒါကြောင့် ညနေ နေဝင်ရီစမှာချစ်လွန်း အပြင်သို့ လမ်းလျှောက် ထွက်လာသည်။ မျက်နှာများလည်း ချောင်ကျနေသည်။ လူကလည်း ပိန်နေသည်။ ချစ်လွန်း အတွေများစွာနဲ့ လမ်းလျှောက် နေသည်။ ခန္ဓာကိုယ်မှာ ယိုင်နဲ့နေပြီး တစ်ခါတစ်ခါ လဲကျသွားမည်ဟုတောင် ထင်ရသည်။ “ဒီမှာ လမ်းလျှောက်လို့ ရရဲ့လား ...” အခြေနေကို ကောင်းစွာ ရိပ်မိနေတဲ့ ဂုဏ်ရောင်မှာ ချစ်လွန်းကို အရင်ရက်တွေထဲက မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။ ဒီနေ့တော့ ချစ်လွန်း အပြင် ထွက်လာသည်မို့ နောက်မှာ မသိအောင် လိုက်လာခြင်း ဖြစ်သည်။ ပခုံးကိုကိုင်ကာ ပြောလိုက်သည့် အသံကြောင့် ချစ်လွန်း လှည့်ကြည့်လိုက်တော့ ရေးတေးတေး မျက်နှာတစ်ခုကို မြင်နေရသည်။ “ကို ဘယ်သွား နေတာလဲ ...” ဂုဏ်ရောင် ကို သုတအထင်နဲ့ နှုတ်က ကယောင်ကတမ်း ပြောကာ ချစ်လွန်း ဂုဏ်ရောင် လက်ပေါ် ပျော့ခွေကျ သွားသည်။ “ဟိတ် ဟိတ် သတိထားဦးလေ သတိထားဦး” ဂုဏ်ရောင် လှုပ်ယမ်းခေါ်ပေမဲ့ သတိလစ်သွားတဲ့ သူမကို ပွေချီကာ ကားထဲ ဝင်ချလိုက်သည်။ ဂုဏ်ရောင်လည်း ကမန်းကတန်း ကားမောင်း လာလိုက်သည်။