၁၂နာရီသတို့သမီး

လရောင်ကျူးရင့်

900 Kyats ကျပ်
စာရေးဆရာမ လရောင်ကျူးရင့်ရဲ့ အချစ်ဝတ္ထုကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ စာမျက်နှာ ( ၁ ) ကို စလှန်လိုက်ကတည်းက စာမျက်နှာအဆုံးထိ ဖတ်မိသွားစေဖို့ အာမခံပါတယ်။ ကဲ၊ ဝတ္ထုအညွှန်းလေးက ဘယ်လိုလဲဆိုတော့ … တစ်အူတုံဆင်း အမေရင်းကမွေးဖွားလာခဲ့ပေမယ့် ဖြစ်တည်မှုမတူညီတဲ့ ညီအစ်မနှစ်ယောက် ရေအလွှာနဲ့ မြေကမ္ဘာ။ အစ်မကြီးဖြစ်တဲ့ ရေအလွှာက ရိုးသားကြိုးစားပြီး စက်ချုပ်ပညာနဲ့ အသက်မွေးရင်း ညီမဖြစ်သူကို စောင့်ရှောက်လာခဲ့ပေမယ့် ညီမမြေကမ္ဘာကတော့ ရောင့်ရဲတင်းတိမ်မှုမရှိ ချမ်းသာချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဘဝကိုလျှောက်လှမ်းတဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးနဲ့ ကြုံရမလဲ။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားပါ့မလား။ မိရိုးဖလာ ကျိကျိတက်ချမ်းသာမှုက မခန့်မှန်းနိုင်လောက်တဲ့ သူဌေး တစ်ကောင်ကြွက် မင်းစက်အာဏာမှာရော မိဘနှစ်ပါးရဲ့ ဘယ်လိုစိတ်ဒဏ်ရာက လွှမ်းမိုးနေလဲ။ နာမည်နဲ့လိုက်အောင် ပြည့်စုံကြွယ်ဝလွန်းသူမို့ လက်ဆက်ချင်တဲ့ မိန်းကလေးများပေမဲ့ အိမ်ထောင်ရေးကံခေသူ။ အိမ်ထောင်လေးခါပြုခဲ့သော်လည်း သတို့သမီးခမျာ အကြောင်းအမျိုမျိုးကြောင့် မင်္ဂလာဦးည သန်းခေါင်ယံ ၁၂ နာရီထိုးရင် သေဆုံးသွားတဲ့အခါ။