ပေါင်းဖက်ခဲ့ကြသော ချစ်သူများအား အမှူးထား၍

လရောင်ကျူးရင့်

900 Kyats ကျပ်
...ဂျူဒို ကစားတယ်။ မြှားပစ်တယ်။ ပြီးတော့ ကမ်းစပ်မှာ ငါးဖမ်းတယ်။ အဲ့ဒီလို ကောင်မလေး နာမည်က ‘မယ်ဘွဲ့’ တဲ့။ မိဘတွေက ဗိုင်းကောင်းကျောက်ဖိနဲ့ အိမ်မှုကိစ္စကို စိတ်ဝင်စား စေချင်ပေမယ့် မယ်ဘွဲ့ ကိုယ်တိုင်က ယောက်ျားလေးလိုမျိုး တုံးဆိုတိုက် ကျားဆိုကိုက် နေလာတဲ့သူ။ ငယ်ငယ်ကထဲက ဆယ်ကျော်သက် ဖြစ်လာချိန်အထိ ယောက်ျားလေးလိုပဲ နေလာတဲ့သူ။ ဖြစ်ချင်တော့ တရက်မှာ သူ ကူညီလိုက်တဲ့ ကိစ္စက လူသတ်တရားခံ အထိ ဖြစ်သွားစေလောက်တဲ့၊ လူသေကို ဆိုက္ကားပေါ်တင်ပြီး အလောင်းဖျောက်ဖို့ ကြံစည်မှုကြီးနဲ့ တည့်တည့် တိုးတော့တယ်။ ဘဝ အခြေအနေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေတဲ့ အဲ့ဒီ တရက်မှာပဲ မယ် ဆိုတဲ့ မယ်ဘွဲ့ကတော့ လူတယောက်နဲ့ ပက်ပင်းတိုးတယ်။ သူက မယ်ရဲ့ ထောင်နန်းစံသွားနိုင်တဲ့ လုပ်ရပ်ကို အစအဆုံး မြင်ထားတဲ့ မျက်မြင်သက်သေပဲ။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ မကြာခင်က ကားအက်စီးဒင့်ကြောင့် မျက်စိထိခိုက်ပြီး အမြင်အာရုံ မဲ့သွားတဲ့ လူ။ ကဲ၊ အက်ရှင်ဆန်ဆန် ဒရာမာ ဝတ္ထုကောင်းကောင်း မျှော်လင့်နေသူများအတွက် ဒီစာအုပ်ကို တင်ဆက်လိုက်ပြီနော်။ ကျန်တာ ဘာဆက်ဖြစ်လဲကတော့ ဝတ္ထုထဲမှာသာ ရှုစားတော်မူပါ။