အလင်းဖြောင့်တန်းစွာသွားခြင်း

လရောင်ကျူးရင့်

900 Kyats ကျပ်
ဒီဝတ္ထုက စစချင်းမှာတင် ဇာတ်လမ်းကတော်တော်ရှုပ်တာ။ 'ရန်ဘက်ချင်း'လား၊ 'နေရာသီ' လားလို့ သူ့ကိုယ်သူ မသဲကွဲတဲ့လူတစ်ယောက်။ ရှုပ်သွားလား … ဟုတ်ပါတယ်။ သူ့ကိုယ်သူ အတိတ်မေ့နေတာလား၊ ဒါမှမဟုတ် ရန်ဘက်ချင်းဆိုတာ သူနဲ့တူတဲ့လူလားလို့ ထင်နေတဲ့ နေရာသီ။ သူ့ကိုယ်သူ နေရာသီလို့သာ ထင်နေတာ တကယ်ဟုတ်၊ မဟုတ်လည်း ဘယ်သူမှမသိ။ >>> သေချာတာကတော့ ရန်ဘက်ချင်းဆိုတာ ဆေးသမား၊ တော်တော်ဆိုးရွားတဲ့လူဆိုတာပဲ။ လက်ထပ်ယူထားတဲ့ မိန်းမကိုတောင် လည်ပင်းညှစ်သတ်ဖို့ ကြိုးစားတဲ့လူ။ ဒါပေမဲ့လည်း ထူးခြားတာက သူမှတ်မိတဲ့ နေရာသီဆိုတာကလည်း မိန်းမတစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့လူ။ သေချာတာတစ်ခုကတော့ အနှစ်ဆိုတဲ့ မိန်းကလေးက သူ့အပေါ်မှာ စိတ်ညွတ်နေတယ်ဆိုတာပါပဲ။ သို့လော၊ သို့လော အဖြေရှာမရမှုတွေ၊ လျှို့ဝှက်ချက်တွေ၊ ဇာတ်လမ်း အလှည့်အပြောင်းတွေက ဝတ္ထုကို လက်ကမချချင်လောက်အောင် ဖတ်မိသွားစေပါလိမ့်မယ်။ အိမ်တွင်းအောင်းရင်း ဖတ်လို့ကောင်းတဲ့ ဝတ္ထုမို့ တင်ဆက်လိုက်ပါတယ်ဗျ။