အမွတ္တမဲ့ ဒိုင္ယာရီ

လရောင်ကျူးရင့်

900 Kyats ကျပ်
လူတိုင်းရဲ့ အချစ်မှတ်တမ်းထဲမှာ အမှတ်တမဲ့မှ အမှတ်တရ ဆိုတဲ့ အဖြစ်အပျက်လေးတွေ ရှိကြပါတယ်။ စာချစ်သူမှာလည်း အနည်းဆုံး တခုလောက်တော့ ရှိနေမှာပါ။ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အမှတ်တမဲ့ တွေ့ဆုံမှုလေး တခုကနေ နှလုံးသား တခုလုံးအတွက် အမှတ်တရ ဖြစ်သွားစေတာတို့၊ တချို့ကလည်း အမှတ်တရ တခုထဲနဲ့တင် တော်တော် အမှတ်ရသွားပါပြီတို့ အမျိုးမျိုးပေါ့နော်။ ဒီဝတ္ထုမှာတော့ အမှတ်တရ အစပြုပုံက နည်းနည်းကြမ်းတယ်။ “ကောင်းတယ်၊ အဲဒီလို သနားကမားလေးရှိမှ ခင်ဗျားလို အားနွဲ့တဲ့ ယောက်ျားသားတွေကို အပျော်တွဲ အပျော်ကွဲနဲ့ ထားခဲ့လို့ရမှာ၊ ဒီက မိန်းမသားပဲ၊ ယောက်ျားတွေလို မစွဲလမ်းတတ်ဘူး၊ အသည်းကွဲတာ ဘာမှန်းတောင် မသိခဲ့ဘူး၊ မသိရင် မှတ်သွားဦး၊ အဲ့ဒါ နွေမိုးဆောင်း …” ။ အဲ့ဒါ နွေမိုးဆောင်းပဲ။ ဒီဝတ္ထုက ဖတ်ရတာ ဇာတ်ရှိန်က ဆက်တိုက် မြင့်သွားတယ်။ အဆုံးသတ်က စာချစ်သူအတွက် အမှတ်တရ ဖြစ်မလား ဆိုတာ ဖတ်ကြည့်ပါဦးလို့။