အမုန်းသင့်လေပြည်

လရောင်ကျူးရင့်

900 Kyats ကျပ်
...“ခိုင်ရယ်…” ညည်းမိပြန်ပါပြီ၊ ဦးလွင်မိုး မူလနေရာမှာပဲ ပြန်ထိုင်ချကာ ဆေးလိပ်နဲ့မီးခြစ်ကို ပြန်ကောက်သည်။ မညှိဖြစ်ဘဲ ဒီတိုင်းကိုင်ထားမိပြန်ကာ… “ကိုယ် ပွင့်ပွင့်လင်းလင်းပြောမယ် ခိုင်၊ သားနဲ့ပတ်သက်ပြီးပြောတိုင်း ခိုင့်သဘောကို ကိုယ်နားလည် တာ သမီးလေးကို ခိုင့်လိုပဲ ကိုယ်ကချစ်တော့ သမီးနဲ့ပတ်သက်ပြီး စိတ်ပူတာလဲ သဘာဝကျတယ်လို့ ကိုယ်က မြင်ပေးနိုင်တယ်၊ စောစောက ခိုင်ပြောသလိုပဲပေါ့၊ ကိုယ်က သားမွေးထားတဲ့ဘက်ကဖြစ်လို့ သမီးရှင်ဘက်ကို စာနာပေးဖို့ပဲ အလေးထားတာမျိုးပါ။ အဲဒါကြောင့် တစ်ခုတော့ စိတ်ချစေချင်တယ်” ဘာလဲဆိုသည့်မျက်ဝန်းတွေ သူ့ဆီရောက်လာသည်။ “သားက ချစ်မယ့်မိန်းကလေးဖြစ်ဖြစ်၊ သူနဲ့လက်ထပ်ပေးဖို့ ဖြစ်လာတဲ့မိန်းကလေးဖြစ်ဖြစ် အဲဒီမိန်းက လေးဟာ သမီးလေး မဖြစ်စေရပါဘူး၊ ကိုယ် ကတိပေးပါတယ်” “ဟွန်း…” ဒေါ်မမခိုင်က ပြောင်ပြောင်ပဲ နှုတ်ခမ်းမဲ့၏။ ဦးလွင်မိုးနဲ့ ပတ်သက်သမျှ သူမဘက်က ဘယ်တုန်းကမှ အားနာထောက်ထားခဲ့တဲ့ရာဇဝင် မရှိသည့်အတိုင်း…