အနာဂတ်ဥယျာဉ်

လရောင်ကျူးရင့်

1000 Kyats ကျပ်
...စာရေးဆရာမကတော့ ဒီဝတ္ထု ဇာတ်လမ်းမှာ ပါတဲ့ အကြောင်းအရာနဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး မသင့်တော်တဲ့ ရိုင်းပျတဲ့ စကားလုံး အသုံးအနှုန်းတွေဟာ ဇာတ်ရဲ့ သရုပ်နဲ့ ဇာတ်ကောင်တွေရဲ့ နေထိုင်မှု ပုံစံတွေကို ပေါ်လွင်စေဖို့သာ ရေးသားထားခြင်း ဖြစ်ပါတယ်တဲ့။ ပရိသတ်အပေါ် မလေးစားခြင်း ထိခိုက်စေလိုခြင်း အနည်းငယ်မျှ မရှိပါဘူးလို့ မေတ္တာရပ်ခံထားပါတယ်။ ဝတ္ထုထဲက ဇာတ်လမ်းဟာ ရိုးသားတယ်။ စာဖတ်သူတို့ရဲ့ ရင်ဘတ်နဲ့ ခံစားဖို့ လွယ်ကူတယ်။ ဘာလို့လဲ ဆိုတော့ သာမန် လူတန်းစား ဘဝတွေထဲက အဖြစ်အပျက် အခြေအနေတွေကိုပဲ ဇာတ်လမ်းပြု ရေးဖွဲ့ထားလို့ပါ။ ရပ်ထဲရွာထဲက ဇာတ်ကောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် မြူးကြွကြွ ဇာတ်လမ်းလေးဖြစ်လို့ ကြိုက်ကြမှာပါ။ …… ကွယ်လွန်သွားရှာတဲ့ မိန်းမဖြစ်သူ ‘နီတြာ’ ကို သေမလောက် ချစ်ပြီး၊ မိခင်က ‘မိသန္တာ’ ဆိုတဲ့ လူကြီးသမီးနဲ့ နောက်မိန်းမ အဖြစ် ပေးစားမှာ စိုးလို့ မိန်းမမပေးစားအောင်လို့ အရက်ကို ဖိသောက်နေတဲ့ ‘မိုးခြိမ့်’။ တကယ်တော့ လူကြီးသမီး မိသန္တာရော ကြည်ပြာပါ ‘မောင်မောင်’ ဆိုတဲ့ ကောင်လေးကို ကြိုက်နေကြတာ တစ်ပိုင်း သေနေပြီ။ မောင်မောင်ကလည်း ချောချောသန့်သန့်လေး။ ဆရာဝန်လေး။ ဒါပေမယ့် တကယ်တော့ မောင်မောင်ဟာ ယောက်ျားလေး မဟုတ်ဘူး။ မိန်းကလေးမှ တကယ့် မိန်းမချောလေး။ ဒါကို သိတာ နှစ်ယောက် သုံးယောက်ပဲ ရှိတယ်။ မိုးခြိမ့်တောင် သိတာ မဟုတ်ဘူး။ ဒါကို လူကြီးတွေ စီစဉ်ကြတာက၊ ပထမ အစီအစဉ်တိုင်း လူကြီးသမီးနဲ့ အဆင်မပြေရင်၊ မောင်မောင်ဟာ မိန်းကလေးဖြစ်ကြောင်း မိုးခြိမ့်ကို အသိပေးမယ်။ အစက ယောက်ျားလေး အဖြစ် သိထားရာကနေ မိန်းကလေးလို့ အမှန်အတိုင်း သိသွားတဲ့အခါ ပေတေ ဆိုးသွမ်းပြီး အရက်သမားလုံးလုံး ဖြစ်နေတဲ့ မိုးခြိမ့်ရဲ့ စိတ်ကလေးများ ပြောင်းသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တစ်ဖက်မှာကလည်း မိုးခြိမ့်ဟာ နီတြာနဲ့ ချစ်ကြိုက်သွားပြီး အိမ်ထောင်ကျသွားပေမယ့် မိုးခြိမ့်ကို စိတ်မကုန်ဘဲ တစ်ဖက်သက် ချစ်နေရှာတဲ့ ကောင်မလေး တစ်ယောက် ရှိသေးတယ်။ သူ့နာမည်က ‘ချစ်ချော’ … ။ ကဲ၊မချောဆယ်ယောက် ကိုယ်တစ်ယောက် ဇာတ်လမ်းပဲ ဖြစ်မလား? ကောင်မလေးတွေ ကြားထဲမှာပဲ တိုင်ပတ်နေမလား ယောက်ျားလေးလို့ ထင်ထားတဲ့ ဆရာဝန်လေးက ချောချောသန့်သန့်ကောင်မလေး ဖြစ်နေတဲ့အခါ ဘာတွေ ဖြစ်ကုန်ကြမလဲ ? ဒီဝတ္ထုထဲမှာ ဖတ်ရှုကြပါဦးနော်။