ဟုတ္ကဲ့ ... မမ

လရောင်ကျူးရင့်

900 Kyats ကျပ်
မျက်နှာချင်းဆိုင် ကြည့်လိုက်မိကာမှ သူမက ခါးနှစ်ဖက်ထောက်၍ ဟက်ဟက်ပက်ပက် ရယ်လေသည်။ လှလှပပ ရယ်တာလည်းမဟုတ်၊ ဟန်တွေပန်တွေလည်း မပါ။ ကျေနပ်အားရစွာ အူလှိုက်အသည်းလှိုက် ရယ် မောနေတာဖြစ်သည်။ သူမ သူ့ကို ဒီကိုခေါ်လာခဲ့တာ ဒီစကားတွေ သူ့ကို ကြားစေချင်တာလား၊ ‘နေဆယ်စင်း’၊ သူက ‘ဆယ် နေကဲ’ တဲ့။ သူ နားမလည်ပေမယ့် တစ်စံတစ်ရာကို မြင်လိုက်ရသလို ဖြစ်ခဲ့၏။ “ဟား ဟား ဟား” သူမက ဟားတိုက်ရယ်နေဆဲ၊ အရယ်မရပ်ဘဲ သူ့ကို မဲ့ကြည့်၍ … “ဆယ်နေကဲ မင်းကို ဒီနာမည် ပြောင်းပေးခဲ့တာ တို့ပဲ၊ ဘာဖြစ်လို့လဲဆိုတာ အခု သိပြီလား” သူ မဖြေရသေးပါ။ “မင်းရဲ့မျက်နှာဟာ တို့အတွက် နေဆယ်စင်းထက် ပြင်းနေလို့ပေါ့ကွ၊ နေလိုမီးလို ပူပြင်းလောင်မြိုက် စေတဲ့ လူတစ်ယောက်အဖြစ် မင်းကို ရှင်သန်စေခဲ့တာ၊ မင်းအတွက် တို့ မအေးချမ်းခဲ့ရသလို မင်းဘဝ ဘယ် တော့မှ အေးချမ်းခွင့် ရမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက ‘ဆယ်နေကဲ’ လေ” ရနံ့ကင်းဆိုသည့် မိန်းမတစ်ယောက်နှင့် သူ့ဘဝ ဘယ်လိုပတ်သက်ခဲ့သလဲ။ စက်စုပ်မုန်းတီးမှုတွေနှင့် စူးစူးရဲရဲဖြစ်နေသော မျက်ဝန်းတွေကို သူ နားမလည်နိုင်။ ဘဝမှာ မိဘမဲ့ခဲ့ရခြင်းထက် ဆိုးရွားမှုတွေ နောက်ထပ်ရှိနေသေးတာ သေချာသည်။ ဒါပေမဲ့ သူ ဘာမှ မသိခဲ့ပေ။ သူမကတော့ ရယ်နေဆဲပါ။