လှပါပေသည် လုံမဒီ

လရောင်ကျူးရင့်

900 Kyats ကျပ်
>> အောင်မြင်မှု ဒဏ်ဆိုတာ ကြီးတယ်တဲ့။ အောင်မြင်မှုဒဏ်ကို မခံနိုင်ရင်၊ အောင်မြင်မှုမှာ မိန်းမောလောရင် ဘဝမေ့သွားတတ်တယ်တဲ့။ ဒါက အမှန်လား၊ အမှားလားတော့မသိ။ ‘လုံ’ ချစ်ရတဲ့ယောက်ျား ‘စက်ဝန်း’ ကတော့ မြို့ကြီးမှာ မော်ဒယ်လုပ်ဖို့သွားတာ နှစ်တွေအတော်ကြာနေပေမယ့် ရွာကိုပြန်မလာ။ ‘လုံ’ ကိုအဆက်အသွယ်မလုပ်။ ဒါပေမဲ့၊ ကိုယ်က ချစ်ရတဲ့သူဆိုတော့ ချစ်သူနောက် လိုက်ရပြီပေါ့။ >> ဒီတော့ ‘လုံ’ တစ်ယောက် တစ်ခါမှ မရောက်ဖူးတဲ့ မြို့ကြီးပြကြီးကို လိုက်သွားမိတယ်။ ရန်ကုန်ကိုရောက်တော့ သူ့ယောက်ျား မော်ဒယ် ‘စက်ဝိုင်း’ ရဲ့အိမ်ကိုရှာတွေ့ခဲ့ပေမယ့် ယောက်ျားဖြစ်သူက တခြားချမ်းသာတဲ့ မိန်းတစ်ယောက်နဲ့ လက်ထပ်ထားတဲ့အခါ … ချမ်းသာတဲ့ လူကုံထံတွေ၊ အောင်မြင်ကျော်ကြားတဲ့လူတွေကြားက အရှုပ်အထွေးတွေနဲ့ ဆတ်ဆတ်ထိမခံ တောသူမလေးတို့အကြား ဘယ်လို ဇာတ်လမ်းတွေ ပေါ်ပေါက်လာမလဲ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။