လှိုင်းပြောသောပင်လယ်အကြောင်း

လရောင်ကျူးရင့်

900 Kyats ကျပ်
ခရီးသွားလာရင်း ကိုယ်နဲ့နေထိုင်ပုံမတူ၊ ကိုယ့်နေရာနဲ့ကိုယ်မနေတတ်၊ စိတ်ရှုပ်ဖို့ကောင်းတဲ့ လူတွေနဲ့ တွေ့ဖူး ကြုံဖူးကြတယ်မှတ်လား။ လိုရာခရီးမရောက်သေးတော့ ထပြေးလို့လည်းမရ၊ အားနာလို့ ဘာမှမပြောဖြစ်နဲ့ စိတ်အရှုပ်ခံပြီး ခရီးဆုံးအထိသွားကြတာပဲလေ။ >> အခုလည်း မျဉ်းမတ်တစ်ယောက် ရန်ကုန်လာတဲ့ခရီးလမ်းမှာ မျက်ဝန်းဆိုတဲ့ စိတ်ရှုပ်ဖို့တော်တော်ကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ခရီးလမ်းတစ်ခုလုံး စိတ်ရှုပ်လာလို့ ရန်ကုန်လည်းရောက်ကော စိတ်အေးချမ်းသာစွာနေရမယ်လို့ မျဉ်းမတ်တစ်ယောက် ထင်ထားတာ တက်တက်စင်အောင်လွဲတာပဲ။ >> ထူးဆန်းတဲ့ကံတရားက သူတို့နှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေခဲ့ပြီး ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါတော့တယ်။ အဲဒါကတော့ အချစ်နဲ့ဘဝ ပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အိမ်မှာနေရင်း အပျင်းလည်းပြေအောင် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖတ်ကြည့်လိုက်ပါဦးဗျ!